Nikon မှ Z Videography Journey ခေါင်းစဉ်ဖြင့် အွန်လိုင်းမှ Seminar ပြုလုပ်မည်

Nikon Myanmar နဲ့ Diploma in Cinematography NUAC (National University of Arts and Culture-Yangon) ကျောင်းသားဟောင်းများ အဖွဲ့ တို့ ပူးပေါင်းစီစဉ်တင်ဆက်မယ့် Z Videography Journey ခေါင်းစဉ်နဲ့ Online Seminar ကိုသြဂုတ် ၈ ရက်မှာ LIVE ထုတ်လွှင့်တင်ဆက်သွားမယ်လို့ သိရပါတယ်။

သြဂုတ် ၈ ရက် ညနေ ၆ နာရီမှ ည ၈ နာရီအထိ Nikon Myanmar ရဲ့ တရားဝင် Facebook စာမျက်နှာမှာ တိုက်ရိုက်ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။

Publisher (Cyra Publishing) မှ Moderator အနေနဲ့ တင်ဆက်ပေးသွားမှာဖြစ်ပြီး Lead Panelist အ​နေနဲ့ U Zaw Min , Visiting Professor (NUAC) CEO (GTS Tour) မှ ဦးဆောင်ကာ Panelist တွေဖြစ်တဲ့ Zaw Htet Lu, (Director & Film Maker ,Legacy Art Production), M Cho Gyi (Director & Film Maker, Legacy Art Production) နဲ့ ကြက်ဖ (Singer & Actor) တို့က Nikon Z Series ကင်မရာများကို အသုံးပြုပြီး အရည်အသွေးပြည့်ဝတဲ့ Video ရိုက်ကူးဖန်တီးမှုများ အကြောင်းကို ဆွေးနွေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

-ကျော်ဇေယျ