Night mode ဗီဒီယို မိတ်ဆက်လိုက်တဲ့ Xiaomi Mi 11 ဖုန်း

Xiaomi Mi 11 ကတော့ ဒီဇင်ဘာ ၂၈ ရက်မှာ တရားဝင်မိတ်ဆက်ပါမယ်။

Xiaomi ဟာ Mi 11 ဖုန်းမှာ Night Mode လုပ်ဆောင်ချက်ပါတာကို ဗီဒီယိုနဲ့ အမြည်းမိတ်ဆက်လိုက်ပါတယ်။ Weibo ကနေ Night mode ဗီဒီယိုကို အမြည်းမိတ်ဆက်ခဲ့တာပါ။

Xiaomi က Weibo မှာ ခရစ္စမတ်ဆုတောင်းရင်းနဲ့ ဗီဒီယိုကို ပြသခဲ့ပါတယ်။ ဗီဒီယိုကိုတော့ Mi 11 ဖုန်းနဲ့ ရိုက်ကူးထားပြီး အလင်းအားနည်းတဲ့အချိန် ရိုက်ကူးနိုင်တဲ့ လုပ်ဆောင်ချက်လည်း ပါဝင်မယ်လို့ အရိပ်အမြွက် ဖော်ပြထားပါတယ်။

-စိုးထက်
Ref: GSMArena

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတာတွေကို Internet Journal Messenger Bot ဖြစ် ဒီနေရာ ကနေလည်းရယူဖတ်ရှုနိုင်ပါတယ် «««