NI ၏ နောက်ဆုံးပေါ် နည်းပညာများကိုပြသသည့် အခမ်းအနားကျင်းပ

နည်းပညာဆိုင်ရာ ထုတ်ကုန်တွေကို ကမ္ဘာတစ်ဝန်းမှာ ထုတ်လုပ်ဖြန့်ချီနေတဲ့ NI ( National Instrument) ရဲ့နောက်ဆုံးပေါ် နည်းပညာတွေကိုပြသတဲ့ အခမ်းအနားကို စင်ကာပူနိုင်ငံ Marina mandarin ဟိုတယ်မှာ ဒီနေ့ကျင်းပပါတယ်။

လက်ရှိရေပန်းစားနေတဲ့ 5G ဆိုင်ရာ အကြောင်းအရာတွေကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ပါတယ်။ “4G တွေအပြင် 5G နည်းပညာတွေကို နိုင်ငံတကာမှာ တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြပါပြီ၊ ဈေးကွက်မြင့်လာတဲ့အချိန်မှာ ကြိုးမဲ့နည်းပညာ(wireless technology) ကလည်း အရေးပါလာပါတယ်၊ နည်းပညာမြင့် ထုတ်ကုန်တွေမှာ အဆင့်မြင့် transmitter တွေ receiver တွေရဲ့ စွမ်းဆောင်ရည်က အရေးပါလာပါတယ်” လို့ Test system NI ရဲ့ Sr.Group manager ဖြစ်သူ David Hall ကပြောပါတယ်။

NI အနေနဲ့သူတို့ရဲ့ထုတ်ကုန်သစ် Solutions တွေကို မိတ်ဆက်ခဲ့ပါတယ်။ အဲဒီအထဲမှာ 5G နည်းပညာဆိုင်ရာမှာ အသုံးပြုတဲ့ solution တွေ New radio base station transceiver, FlexRio digitizer and coprocessor module အစရှိတဲ့ ထုတ်ကုန်သစ် နည်းပညာအကြောင်းအရာတွေကို ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

NI Technical Symposium အမည်ရ အဲဒီအခမ်းအနားမှာ NI ရဲ့ပြည်တွင်းပြည်ပဆိုင်ရာကျွမ်းကျင်သူတွေက ထုတ်ကုန်တွေအကြောင်းကို ဆွေးနွေးရှင်းပြခဲ့တာ ဖြစ်ပါတယ်။ အနာဂတ်မှာ NI ရဲ့ဆော့ဖ်ဝဲ ထုတ်ကုန်တွေကို ဘယ်လိုမြင်ရမလဲ၊ နောက်ဆုံးပေါ်ဆောဖ်ဝဲတွေရဲ့ trend တွေ သုတေသနတွေနဲ့ သူတို့ရဲ့ထုတ်ကုန် semiconductor, wireless နည်းပညာတွေကို သိရှိစေဖို့ကျင်းပခဲ့တာလို့ ဆိုပါတယ်။ ဒါ့အပြင်ဆော့ဖ်ဝဲ တိုးတက်မှုအကြောင်း IOT အကြောင်းတွေကို သိရှိနိုင်ဖို့ ဒီအခမ်းအနားကို ကျင်းပခဲ့တာလို့ ဆိုပါတယ်။ နှစ်စဉ်ကျင်းပလေ့ရှိပြီး ၂၀၁၇ ခုနှစ်အတွက် ဒီနေ့မှာကျင်းပခဲ့တာလို့ သိရပါတယ်။

-ထွန်းထွန်း