Nexus Myanmar က SAP Software မိတ်ဆက်

Nexus Myanmar က Business Solution Software တစ်မျိုးဖြစ်တဲ့ SAP Software ကို နိုဝင်ဘာ ၁၅ ရက်က UNFCCI မှာ မိတ်ဆက်လိုက်ပါတယ်။

SAP ဆိုတာ Systems Application and Product in Data Procession ဖြစ်ပြီး SAP ဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံးတွေထဲက တစ်ခုအပါအ၀င်ဖြစ်တဲ့ Enterprise Resources Planning Software အမျိုးအစား တစ်ခုဖြစ်တယ်လို့ NEXUS Myanmar က တာဝန်ရှိသူကပြောပါတယ်။

SAP ဟာစီးပွားရေးလုပ်ငန်းနယ်ပယ်တွေဖြစ်တဲ့ Retail, Trading and Distribution , Product and Construction လုပ်ငန်းတွေအတွက် သင့်တော်တဲ့ Software ဖြစ်တယ်လို့သိရပါတယ်။ NEXUS Myanmar က အမျိုးသားနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ SAP Business One Lincense ကို ဒီဇင်ဘာ ၁၅ ရက်နောက် ဆုံးထားဝယ်ယူသူ ကို ၅၀ % အထူးလျှော့ချပေးသွားမယ်လို့ သိရပါတယ်။ User အရေအတွက်အလိုက် ဒေါ်လာ ၃,၀၀၀ ကနေ စတင်ဝယ်ယူသုံးစွဲနိုင်မယ်လို့ သိရပါတယ်။

-ကောင်းမြတ်ထွန်း