News Showcase အတွက် ဒေါ်လာ ၁ ဘီလျံ Google ရင်းနှီးမြှုပ်နှံ

Google ဟာ Google News Showcase ကို ထုတ်ဖော်ပြသခဲ့ပြီး ဒေါ်လာ ၁ ဘီလျံ ရင်းနှီးမြှုပ်နှံသွားပါမယ်။ Google ဟာ ဇွန်လတုန်းက ထုတ်ကုန်အမျိုးမျိုးမှာ ပေါ်လာမယ့် feature အသစ်အတွက် သတင်းဌာနတွေက သတင်းတွေအတွက် လိုင်စင်ရယူသွားမယ်လို့ ကြေညာဖူးပါတယ်။

Google ဟာ Google News Showcase အတွက် အရည်အသွေးမြင့် content တွေ ဖန်တီး၊ စုစည်းနိုင်ဖို့ ထုတ်ဝေသူတွေကို အခကြေးပေးသွားပါမယ်။ Google က News Showcase သတင်း panel တွေဟာ swipe လုပ်နိုင်ပြီး အွန်လိုင်းသတင်းတွေနဲ့ မတူညီတဲ့ အတွေ့အကြုံပေးသွားပါတယ်။

Google News Showcase ရဲ့ panel တွေက Google သတင်းထုတ်ကုန် အတွင်းမှာပဲ သတင်းတွေကို ဖတ်ရှုနိုင်ပြီး ထုတ်ဝေသူတွေ ပါဝင်ပါမယ်။ အဲဒီ panel ထဲမှာပဲ ပိုမိုနက်ရှိုင်းတဲ့ သတင်းဖော်ပြမှုနဲ့ အချိန်အလိုက်၊ bullet နဲ့သက်ဆိုင်တဲ့ ဆောင်းပါးတွေကို ဖတ်ရှုနိုင်မယ်လို့ blog ကနေ Google က ထုတ်ပြန်ထားပါတယ်။

အဲဒီ panel တွေကတော့ Android က Google News မှာ စတင် ပါဝင်လာပါမယ်။ နောက်ပိုင်း iOS အတွက် ဖြန့်ချိသွားပါမယ်။

-စိုးထက်
Ref: 9to5Google

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတာတွေကို Internet Journal Messenger Bot ဖြစ် ဒီနေရာ ကနေလည်းရယူဖတ်ရှုနိုင်ပါတယ် «««