News Feed အတြင္းမွာ အမ်ားဆႏၵေတာင္းခံတဲ့ ေလွ်ာက္လႊာကို Facebook ထည့္သြင္း

[ Zawgyi ]

Facebook ဟာ news feed ေတြအတြင္းမွာ လူအမ်ားဆႏၵေတာင္းခံတဲ့ အြန္လိုင္းေလွ်ာက္လႊာမွာ post တင္တာနဲ႔ လက္မွတ္ထိုးတာ ျပဳလုပ္ႏိုင္တဲ့ tool တစ္ခုကို ထည့္သြင္းလိုက္ပါတယ္။

Facebook အေနနဲ႔ တနလၤာေန႔မွာ “Community Actions” ကို အေမရိကန္သုံးစြဲသူေတြဆီ စတင္ျဖန္႔ခ်ိသြားပါမယ္။ Facebook ဟာ အဲဒီ feature ကုိ ေဈးကြက္၂ ခုမွာ စမ္းသပ္ေနတာ ရက္သတၱပတ္အနည္းငယ္ ၾကာျမင့္ခဲ့ၿပီး ရွိၿပီးသား pilot ေပၚမွာပဲ တည္ေဆာက္ခဲ့ပါတယ္။

အဲဒီ feature ကို အမ်ားျပည္သူနဲ႔ သက္ဆုိင္တဲ့ကိစၥေတြမွာ မဲဆႏၵေကာက္ခံတဲ့အခါမွာ အသုံးျပဳႏိုင္ပါတယ္။ သုံးစြဲသူေတြက “support” ဆိုတာကို ႏွိပ္ၿပီး အားေပးႏိုင္သလို တစ္ကိုယ္ေရဆုိင္ရာ သက္ေသခံခ်က္နဲ႔ ဗီဒီယိုေတြကုိလည္း ေဝမွ်ႏိုင္ပါတယ္။ ေရြးေကာက္ခံအာဏာပုိင္ေတြနဲ႔ အစိုးရေအဂ်င္စီေတြကို Community Action ေပၚမွာ tag လုပ္တဲ့အခါ သတိေပးခ်က္ေပးပုိ႔သလို ျပန္လည္တုံ႔ျပန္ႏိုင္ပါတယ္။ အာဏာပုိင္ေတြနဲ႔ ေအဂ်င္စီေတြကလည္း ကုိယ္ပုိင္ Community Actions တစ္ခုကုိ ဖြင့္ႏိုင္ပါတယ္။

Facebook အေနနဲ႔ လူမႈအသုိက္အဝန္းေတြအတြက္ ၿမိဳ႕ေတာ္နဲ႔သက္ဆုိင္တဲ့အရာေတြကို သတင္းေပး၊ ေျဖရွင္းဖုိ႔အတြက္ ႀကိဳးစားလာတာျဖစ္တယ္လို႔ ကုမၸဏီေျပာေရးဆိုခြင့္ရွိသူက ေျပာခဲ့ပါတယ္။

စိုးထက္
Ref: CNET

[ Unicode ]

Facebook ဟာ news feed တွေအတွင်းမှာ လူအများဆန္ဒတောင်းခံတဲ့ အွန်လိုင်းလျှောက်လွှာမှာ post တင်တာနဲ့ လက်မှတ်ထိုးတာ ပြုလုပ်နိုင်တဲ့ tool တစ်ခုကို ထည့်သွင်းလိုက်ပါတယ်။

Facebook အနေနဲ့ တနင်္လာနေ့မှာ “Community Actions” ကို အမေရိကန်သုံးစွဲသူတွေဆီ စတင်ဖြန့်ချိသွားပါမယ်။ Facebook ဟာ အဲဒီ feature ကို ဈေးကွက်၂ ခုမှာ စမ်းသပ်နေတာ ရက်သတ္တပတ်အနည်းငယ် ကြာမြင့်ခဲ့ပြီး ရှိပြီးသား pilot ပေါ်မှာပဲ တည်ဆောက်ခဲ့ပါတယ်။

အဲဒီ feature ကို အများပြည်သူနဲ့ သက်ဆိုင်တဲ့ကိစ္စတွေမှာ မဲဆန္ဒကောက်ခံတဲ့အခါမှာ အသုံးပြုနိုင်ပါတယ်။ သုံးစွဲသူတွေက “support” ဆိုတာကို နှိပ်ပြီး အားပေးနိုင်သလို တစ်ကိုယ်ရေဆိုင်ရာ သက်သေခံချက်နဲ့ ဗီဒီယိုတွေကိုလည်း ဝေမျှနိုင်ပါတယ်။ ရွေးကောက်ခံအာဏာပိုင်တွေနဲ့ အစိုးရအေဂျင်စီတွေကို Community Action ပေါ်မှာ tag လုပ်တဲ့အခါ သတိပေးချက်ပေးပို့သလို ပြန်လည်တုံ့ပြန်နိုင်ပါတယ်။ အာဏာပိုင်တွေနဲ့ အေဂျင်စီတွေကလည်း ကိုယ်ပိုင် Community Actions တစ်ခုကို ဖွင့်နိုင်ပါတယ်။

Facebook အနေနဲ့ လူမှုအသိုက်အဝန်းတွေအတွက် မြို့တော်နဲ့သက်ဆိုင်တဲ့အရာတွေကို သတင်းပေး၊ ဖြေရှင်းဖို့အတွက် ကြိုးစားလာတာဖြစ်တယ်လို့ ကုမ္ပဏီပြောရေးဆိုခွင့်ရှိသူက ပြောခဲ့ပါတယ်။

Ref: CNET