New Normal Universities’ Info Day ပြုလုပ်မည်

နိုင်ငံတကာကျောင်းများ လျှောက်ထားခြင်းဆိုင်ရာ သိကောင်းစရာများ (New Normal Universities’ Info Day) ကို ဖေဖော်ဝါရီ ၁၃ ရက်၊ နံနက် ၁၀ နာရီမှ နေ့လယ် ၁၂ နာရီအထိ Zoom နဲ့ ကျင်းပပြုလုပ်သွားမယ်လို့ CROWN Education မှသိရပါတယ်။

အမေရိကန်၊ အင်္ဂလန်၊ သြစတြေးလျ၊စင်ကာပူနိုင်ငံရှိ တက္ကသိုလ်၊ ကျောင်းအသီးသီးက တာဝန်ရှိသူတွေနဲ့ တိုက်ရိုက်တွေ့ဆုံမေးမြန်းနိုင်ဖို့ စီစဉ်ပေးထားတာဖြစ်တယ်လို့ သိရပါတယ်။ အခမ်းအနားမှာ ယခုကာလအတွင်း ပညာရေးမရပ်တန့်ရအောင် ဘာတွေပြင်ဆင်ထားမလဲ၊ မြန်မာ (၉) တန်း၊ (၁ဝ) တန်းစာမေးပွဲ အပြင် IGCSE , A level စာမေးပွဲတွေပါ ရပ်နားထားတဲ့အတွက် နိုင်ငံတကာ တက္ကသိုလ်ဝင်ခွင့်တွေမှာ ဘယ်လိုသက်ရောက်မှု ရှိလာမလဲ၊ နိုင်ငံခြားမှာ ပညာသင်ကြားမယ်ဆိုရင် ကျောင်းလခအပြင် တခြားကုန်ကျစရိတ် ဘယ်လောက်ရှိမလဲ၊ အမေရိကန်၊ အင်္ဂလန်၊ သြစတြေးလျ၊ စင်္ကာပူ နိုင်ငံအလိုက် တက္ကသိုလ်ပညာရေးမှာ အားသာချက်၊ အားနည်းချက်က ဘာတွေဖြစ်နိုင်မလဲ၊ ဘယ်လို Careerနဲ့ Subejct တွေကို ရွေးချယ်သင်ယူသင့်လဲ အစရှိတဲ့ အကြောင်းအရာတွေကို ကျောင်းတာဝန်ရှိသူတွေနဲ့ တိုက်ရိုက်ဆွေးနွေး မေးမြန်းနိုင်မှာ ဖြစ်ပါတယ်။

အမှတ်စာရင်းသိထားကြတဲ့ မြန်မာ (၁၀) တန်းအောင် ကျောင်းသူ/သားတွေ၊ မြန်မာ (၉) တန်း၊ (၁ဝ) တန်း တက်ရောက်ဆဲ ကျောင်းသူ/သားတွေ၊ Secondary 2,3,4 နဲ့ iGCSE, A level ပြီးထားတဲ့ ကျောင်းသူ/သားတွေ၊ မြန်မာနိုင်ငံအတွင်းက British Curriculum/ American Curriculum နဲ့ သင်ယူထားတဲ့ ကျောင်းသူ/သားတွေ၊

နာမည်ကျော် University of Cambridge, University of Oxford, UCLအပြင် University of Toronto, Mc Gill University, University of British Columbia နဲ့ Australia G8 စာရင်းဝင်တက္ကသိုလ်တွေ သာမက သက်ဆိုင်ရာ နိုင်ငံအသီးသီးက Ranking 1-10 စာရင်းဝင်တက္ကသိုလ်တွေမှာ Bachelor Degree Program သွားရောက်သင်ကြားလိုသူတွေ၊ နိုင်ငံတကာမှာ Medicine Program (MBBS, Surgery, Biomedical Science အစရှိတဲ့) ဘာသာရပ်တွေကို ကျောင်းကောင်းကောင်းမှာ တက်ရောက်သင်ကြားလိုသူတွေနဲ့ မိဘတွေအထူးတက်ရောက်သင့်တယ်လို့သိရပါတယ်။ ပွဲတက်ရောက်လိုသူတွေ အနေနဲ့ https://b.link/crownevent ကနေတစ်ဆင့် စာရင်းပေးသွင်းနိုင်ပါတယ်။

-သန္တာ

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««