New Normal in Higher Education ခေါင်းစဉ်ဖြင့် ပညာရေးဆွေးနွေးပွဲကို အွန်လိုင်းမှပြုလုပ်မည်

New Normal in Higher Education အွန်လိုင်းပညာရေးဆွေးနွေးပွဲကို အောက်တိုဘာ ၂၄ ရက်၊ နံနက် ၁၀ နာရီမှ ၁၂ နာရီအထိ Zoom မှတစ်ဆင့် ကျင်းပသွားမယ်လို့ သိရပါတယ်။

ဆွေးနွေးပွဲတွင် နိုင်ငံခြားမှာ ပညာသင်တဲ့အခါ ကုန်ကျစရိတ်သက်သာအောင် ဘယ်လိုလုပ်မလဲ၊ ဘယ်လို Career နဲ့ Subject တွေ ပြောင်းသွားနိုင်လဲ၊ New Normal ကြောင့် နိုင်ငံတကာတက္ကသိုလ်တွေရဲ့ ဝင်ခွင့်မှာ ဘယ်လိုအပြောင်းအလဲ ဖြစ်လာနိုင်လဲ၊ IELTS/ TOEFL လိုဦးမှာလား၊ SAT/ ACT မလိုတော့ဘူးလား၊ iGCSE ပြီးရင် တက္ကသိုလ်တက်ဖို့ GCE ‘A’ ပြင်စရာမလိုဘူးဆိုတာ အမှန်လား၊ ဆယ်တန်း-iGCSE ကျောင်းသူ/သားတွေ အနေနဲ့ New Normalကာလမှာ ရွေးချယ်သင်ယူသင့်တဲ့ နိုင်ငံတက္ကသိုလ်ဘာသာရပ်တွေကို တိတိကျကျ ရွေးချယ်နိုင်ပြီလား စတဲ့ အကြောင်းအရာတွေကို CROWN Educationရဲ့ Education Counselor တွေနဲ့အတူ ဆရာဦးအောင်ကျော်ဆန်းက အွန်လိုင်းကနေ ဆွေးနွေးရှင်းပြပေးမှာ ဖြစ်ပါတယ်။

တက်ရောက်လိုသူတွေ အနေနဲ့ http://bit.ly/crownnewnormal မှာစာရင်းပေးသွင်းနိုင်ပါတယ်။

-သန္တာ

»»» အင်တာနက်ဂျာနယ်ကနေ တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့စိတ်၀င်စားဖွယ်ရာ အ‌ကြောင်းအရာတွေကို နေ့စဉ် ည(၇) နာရီအချိန်မှာ ဒီဂျစ်တယ်ဗားရှင်း သတင်းစာစောင်လေးအနေနဲ့ ဒီနေရာ ကနေ ရယူဖတ်ရှုနိုင်မယ့် IJ Mini Newspaper «««