NEVERMORE

internet-journal-nevermore.jpg

ကမ္ဘာ့အနုပညာသမိုင်းကြောင်းမှာ ထင်ရှားကျော်ကြားခဲ့တဲ့ အမေရိကန်စာရေးဆရာ Edgar Allen Poe ဟာ ၁၈၄၅ ခုနှစ်ခန့်က “The Raven” လို့အမည်ရတဲ့ ကဗျာရှည်တစ်ပုဒ်ကို ရေးသားခဲ့ပါတယ်။ အချစ် ဒဏ်ကြောင့် အမှောင်ထုထဲမှာ ပင်ပန်းစွာ လောင်ကျွမ်းဆွေးမြေ့နေခဲ့ရတဲ့ Lenore ဆိုတဲ့ ဇာတ်ကောင်ရဲ့ဝိညာဉ်ကို “Nevermore” လို့ အမည်ရတဲ့ ကျီးမည်းတစ်ကောင်က လာရောက်ခေါ်ဆောင်သွားတဲ့ ပုံသဏ္ဌာန် ရေးဖွဲ့ထားတဲ့ အဆိုပါ ကဗျာရှည်ကို အစွဲပြုပြီး သူတစ်ပါးရဲ့ ဝိညာဉ်ကို ဖမ်းဆီးခေါ်ယူကာ ပြန်လည်တိုက်ခိုက်တဲ့ “အမှောင်ထုမိစ္ဆာ” The Shadow Fiend ကို Dota 1 မှာ ထည့်သွင်း အသုံးပြုခဲ့ခြင်းဟာ Nevermore ဆိုတဲ့ မြန်မာကစားသမား အများစုကြိုက်ကြတဲ့ Hero တစ်ကောင်အစပြုခဲ့သော စိတ်ကူးစိတ်သန်းတစ်ခုပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှ Dota ကစားသမားတွေနဲ့ အကျွမ်းတဝင်ရှိပြီးသားဖြစ်တဲ့ Nevermore ဟာ Carry Hero တစ်ကောင်ဖြစ်ပြီး Disable Ability မပါတဲ့ Nuker Hero တစ်ကောင်လည်း ဖြစ်ပါတယ်။ Dota 2 ပေါ်ပေါ်လာချင်းမှာ Nevermore ရဲ့ မလှပတဲ့ Model ကြောင့် လူရွေးချယ်မှု နည်းပါးခဲ့ပေမယ့် v6.82 Rekindling Soul Update မှာ ပြောင်းလဲသွားတဲ့ Model Re-work နဲ့ Demon Eater Arcana ကြောင့် ကစားပွဲတွေမှာ ပြန်လည် မြင်တွေ့လာရတဲ့ Dota Idol Hero တစ်ကောင်ပဲ
ဖြစ်ပါတော့တယ်။

Background Story
ယုံတမ်းစကားတွေအနေနဲ့ Nevermore The Shadow Fiend ကို ကဗျာဆရာတစ်ယောက်ရဲ့ ဝိညာဉ်တစ်ခုလို့ ခေါ်ဆိုကြပါတယ်။ အကြောင်းကတော့ သူဟာမြောက်မြားစွာသော ဝိညာဉ်တွေကို ပိုင်ဆိုင်ထားတဲ့ အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။ ခေတ်ကာလများစွာကို ဖြတ်သန်းပြီးနောက်မှာတော့ Nevermore ဟာ သူဖမ်းဆီးထားတဲ့ ကဗျာဆရာတွေ၊ ဘုန်းတော်ကြီးတွေ၊ ရှင်ဘုရင်တွေ၊ သူဖုန်းစားတွေ၊ အစေခံတွေ၊ အတွေးအခေါ်ပညာရှင်တွေ၊ ရာဇဝတ်မှုကျူးလွန်သူတွေနဲ့ အထူးသဖြင့်သူရဲကောင်းတွေရဲ့ ဝိညာဉ်များစွာဟာ လွတ်မြောက်ရာလမ်းမရှိကြောင်းကို သက်သေပြခဲ့ပါတယ်။ ဒါပေမဲ့ ဒီဝိညာဉ်တွေကို ဘာကြောင့်ဖမ်းဆီးချုပ်နှောင်ထားသလဲဆိုတာကတော့ မည်သူမျှမသိနိုင်ခဲ့ပါဘူး။ ဘယ်နေရာမှာ ရှိမှန်းမသိတဲ့ နက္ခတ်တာရာ ဒေသတစ်ခုကနေ ငါးရှဥ့်တစ်ကောင်သဖွယ် တိုးဝင်ရောက်လာခဲ့တဲ့ Nevermore ရဲ့ ရင်ဘတ်ထဲက ဝိညာဉ်တွေကို သိုလှောင် ထားတဲ့ချောက်နက်ကြီးထဲကို မည်သူတစ်ဦးတစ်ယောက်မှ ချောင်းကြည့်ရဲတဲ့သတ္တိမရှိခဲ့ပါဘူး။ ဒါကြောင့် သူဟာဖမ်းမိထားတဲ့ဝိညာဉ်တွေကို ဝါးမြိုစားသုံးပစ်လိုက်သလား?။ Eldritch ဘုရားကျောင်းကိုပဲ ၎င်းတို့ကိုစီးနင်းခေါ်ဆောင်သွားသလား?။ လူသေကောင်တွေ အသက်ပြန်သွင်းဖို့အတွက် ဝိညာဉ်တွေကို ဆေးရည်စိမ်ပြီးသိမ်းထားသလား?။ ဒါမှမဟုတ် သူဟာ သာမန်ရုပ်သေးရုပ်တစ်ရုပ်ဖြစ်ပြီး သူ့ကို အမှန်တကယ် ထိန်းကျောင်းထားတဲ့ အရှင်သခင်ထံကို ဝိညာဉ်များကို ပြန်လည်ပို့ဆောင်ပေးရသူလား?။ မိစ္ဆာတစ်ကောင်ဖြစ်တဲ့ Shadow Fiend ဟာ သိပ်သည်းပြင်းထန်လွန်းတဲ့ အမှောင်စွမ်းအားတွေနဲ့ ပြည့်နှက်နေတဲ့အတွက်ကြောင့် သာမန်စိတ်တန်ခိုးလောက်နဲ့ သူ့ရဲ့ဖြစ်တည်မှုကို ဖောက်ထွင်းမြင်ရမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ …. သင်က Nevermore ရဲ့ လျှို့ဝှက်ချက်တွေ သိချင်ရင်တော့ သင်ကြိုးစားကြည့်ခွင့်ရမယ့် နည်းလမ်းတော့ရှိပါတယ်။ သင့်ဝိညာဉ်ကို သူ့ရဲ့ဝိညာဉ်စုဆောင်းရေးအတွက်ပေးလိုက်မယ့် နည်းဖြစ်ပြီး၊ မပေးနိုင်ရင်တောင် Nevermore ကိုယ်တိုင် သင့်ရဲ့ ဝိညာဉ်ကို လာရောက်နုတ်ယူသွားမယ့်အခြေအနေကို ထိုင်စောင့်နေရမယ့် နည်းလမ်းအပြင်မရှိတာကို သင် သိသွားပါလိမ့်မယ်။

Overview
Agility Carry Hero တစ် ကောင်ဖြစ်တဲ့ Nevermore ဟာ Strength အလွန်နည်းပါးခြင်းက အဓိကအားနည်းချက်ဖြစ်ပေမယ့် သင့်ရဲ့ Farming ကို အလွယ်တကူ ရရှိစေမယ့် Ability တွေနဲ့ပေါင်းစပ်ဖွဲ့စည်းထားတဲ့
အတွက်ကြောင့် ထွေထွေထူးထူး ပြောစရာမရှိတဲ့ Shadow Fiend ဟာ လူကြိုက် အင်မတန်များတဲ့ Agility Carry Hero တစ်ကောင်ဖြစ်ပါတယ်။ ZXC လို့ အလွယ်ခေါ်တဲ့ Powerful Nuke Ability Shadowraze, ကစားပွဲအစောပိုင်း Item နည်းပါးစဉ်ကာလမှာ ကတည်းက သင့်ကို များပြားတဲ့ Physical Damage ပမာဏထောက်ပံ့ပေးမယ့် Necromastery, ကစားပွဲနောက်ပိုင်းမှာ Physical Damage နဲ့ တိုက်ခိုက်မယ့် Nevermore ကို ရိုးရှင်းစွာ အထောက်အကူပြုမယ့် Presence of the Dark Lord နဲ့ Slow, Damage Reduction အပြင် Nuke Ability တစ်ခုအဖြစ် တစ်စုတစ်စည်းတည်း မြင်ရမယ့် Ultimate Requiem of Soul အစရှိတဲ့ Ability တွေနဲ့ ပေါင်းစပ်ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။

Abilities
Mana Cost အလွန်နည်းပါးသလောက် ရရှိမယ့် Damage ပမာဏများပြားလွန်းတဲ့ ZXC လို့ သုံးနှုန်းလေ့ရှိသော Shadowraze ဟာ သင့်ရဲ့ Lvl 7 အရောက်မှာ အဆုံးထိတင်သင့်တဲ့ AoE Nuke Ability တစ်ခုဖြစ်ပါတယ်။ တစ်ဆင့်ယူလိုက်တာနဲ့ သင့်မှာ အနီး၊ အလယ်၊ အဝေးသုံး  Shadowraze ၃ ခုရရှိမှာဖြစ်ပါတယ်။ AoE 250 ရှိပြီး အနီးအတွက် 200 Range, အလယ်အတွက် 450 Range နဲ့ အဝေးအတွက် 700 Range ဆီအသီးသီးရှိမှာဖြစ်ပြီး Damage ဟာလည်း 75/150/225/300 Magical Damage အဖြစ်တိုက်ခိုက်နိုင်မှာ ဖြစ်ပါတယ်။ အလျင်မြန်ဆုံး Soul စုဆောင်းရေးအတွက် Trademark Ability တစ်ခု
ဖြစ်ပြီး အသုံးပြုလိုက်ချိန် Nevermore ရဲ့ မျက်နှာမူရာတည့်တည့်မှာ မိမိအသုံးပြုတဲ့အကွာအဝေးအတိုင်း AoE Magical Damage ဖြစ်ပေါ်လာမှာ ဖြစ်ပါတယ်။ 250 AoE ဟာ အလွန်ကျယ်ဝန်းတဲ့ ပမာဏတစ်ခုလို့ပြောလို့ရပြီး မိမိ အသုံးပြုချင်တဲ့နေရာရဲ့ အနောက်ဘက်မလှမ်းမကမ်းကို Right Click ထောက်ပြီး (သို့မဟုတ်) အသုံးပြုမယ့်ဦးတည်ဘက်သို့ မိမိနဲ့ အနီးကပ်ဆုံးမြေကြီးပေါ်သို့ Right
Click ထောက်ပြီး Shadowraze အသုံးပြုခြင်းက ပိုမိုတိကျတဲ့ ZXC အသုံးပြုမှုတစ်ခုဖြစ်အောင် အထောက်အကူပေးပါလိမ့်မယ်။

Nevermore အနေနဲ့ Creep, Neutral, Building နဲ့ Ward တွေကို အဆုံးသတ်တိုက်ခိုက်မှု တစ်ခုလုပ်နိုင်လိုက်တိုင်း 1 Soul (2 Physical Damage) ကို ရရှိစေမှာဖြစ်ပါတယ်။ အားသာချက်တစ်ခုကတော့ Last Hit လုပ်လိုက်တဲ့ Unit ဟာ Hero ဖြစ်နေခဲ့မယ်ဆိုရင် 12 Souls (24 Damage) ကို ချက်ချင်းရရှိသွားမယ့်အချက်ပဲဖြစ်ပါတယ်။ ကစားပွဲအစောပိုင်းမှာ Nevermore အတွက် များပြားတဲ့ Damage ပမာဏကို ထောက်ပံ့ပေးနေမှာဖြစ်တဲ့အပြင် အဓိကကျတဲ့ Ultimate Requiem of Soul နဲ့ တိုက်ရိုက်ဆက်နွှယ်နေတဲ့အတွက် ဒုတိယမြောက် မတင်မဖြစ်တင်သင့်တဲ့ Ability တစ်ခုဖြစ်ပါတယ်။ Dota 1 တုန်းက Clorkwerk ရဲ့ Power Cogs များကို Deny လုပ်ခြင်းဖြင့် Soul များရရှိခဲ့ပေမယ့် ကစားပွဲ မစခင်ကတည်းက Damage ပမာဏများပြားစွာရရှိနေမယ့် မမျှတတဲ့ အခြေအနေတစ်ခုဖြစ်ခဲ့တဲ့အတွက် Dota 2 မှာတော့ Cogs တွေဟာ Nevermore ကို Soul ရရှိစေမှာ မဟုတ်ပါဘူး။

Assault Cuirass နဲ့ ဆင်တူတဲ့ Presence of the Dark Lord ဟာ Nevermore ရဲ့ ပတ်လည် AoE 900 အတွင်းမှာရှိတဲ့ Non-Ally Unit တွေကို 3/4/5/6 Armor လျော့စေမယ့် AoE Ability တစ်ခုဖြစ်ပါတယ်။ ပွဲအစောပိုင်းမှာ ဒီ Presence of the Dark Lord ထက်အရေးပါတဲ့ အခြား Ability ၂ ခုရှိတဲ့အတွက် တင်သင့်မတင်သင့်ဆုံးဖြတ်နေစရာမလိုဘဲ စိတ်ချလက်ချ  နောက်ဆုံးမှတင်သင့်တဲ့ Ability တစ်ခုလို့ပြောလို့ရပါတယ်။ ပွဲနောက်ပိုင်းမှာတော့ Physical Damage နဲ့ တိုက်ခိုက်ရမယ့် Nevermore နဲ့ အခြား Ally တွေအတွက်ပါ အသုံးဝင်မယ့် Auto AoE Aura Ability တစ်ခုဖြစ်ပါတယ်။

Ultimate Requiem of Soul ရဲ့ တွက်ချက်မှုတွေအားလုံးဟာ  Necromastery နဲ့ တိုက်ရိုက်ဆက်သွယ်နေပါတယ်။ မိမိရရှိထားတဲ့ Soul နှစ်ကောင်ကို  1 Line နှုန်းနဲ့ Maximun 36 Souls အတွက် 18 Lines အထိဖြစ်ပေါ်တိုက်ခိုက်နိုင်မယ့် Ultimate ဖြစ်လို့ သင့်ရဲ့ Necromastery အဆုံးထိမတင် နိုင်မချင်း မယူပဲနေလို့ရတဲ့ Ability တစ်ခုဖြစ်ပါတယ်။ Line တစ်လိုင်းချင်းစီဟာ ကန်တော့ပုံသဏ္ဌာန်ရှိပြီး Nevermore ရဲ့အောက်ခြေတည့်တည့်မှ သေးငယ်တဲ့ AoE ဖြင့် အစပြုပြီး အဆုံးသတ်မှာတော့ 450 အကျယ်အဝန်းရှိတဲ့ AoE ဖြင့် အဆုံးသတ်သွားမှာဖြစ်ပါတယ်။ ပုံမှာ 36 Souls အခြေအနေနဲ့ Soul Line တစ်ခုချင်းစီရဲ့ ဖြစ်ပေါ်လာမယ့် AoE တွေကို အကြမ်းဖျဉ်း ဖော်ပြထားခြင်းဖြစ်ပြီး Soul Line တစ်ခုနဲ့တစ်ခုထပ်နေတဲ့နေရာတွေမှာ Damage ပိုများများထိမှာဖြစ်ကြောင်း ဖော်ပြထားခြင်းဖြစ်ပါတယ်။ ဒါကြောင့်ပုံမှာပြထားတဲ့ အလယ်တည့်တည့်အနက်ရောင် အကွက်ကလေးက Nevermore ရဲ့တည်နေရာဖြစ်ပြီး အဆိုပါ နေရာအတွင်းမှာရှိနေမယ့် Enemy အနေနဲ့ Shadow Fiend ရဲ့ 18 Soul Line  စလုံးနဲ့ ထိသွားမှာဖြစ်လို့ နောက်ဆုံးအဆင့် Soul Line တစ်လိုင်းကို 160 Damage နှုန်းနဲ့ 160 x 18 = 2880 Damage အထိ ခံစားရမှာဖြစ်ပါတယ်။ Soul Line တစ်ခုစီရဲ့ အစ AoE ဟာ အကြမ်းဖျင်းအနေဖြင့် 20 Degree နဲ့အစပြုမှာဖြစ်ပြီး ပုံမှာပြထားတဲ့ အရောင်အနုအရင့်အတိုင်း 1 Soul Line, 2 Soul Lines, 3 Soul Lines နဲ့ 18 Soul Lines ဆိုတဲ့ အခြေအနေအမျိုးမျိုးကို ခွဲခြားသုံးသပ်နိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် အဆိုပါ Requiem of Soul AoE အတွင်းမှာရှိသမျှ Enemy Unit တွေအနေနဲ့ 50% Base Damage Reduction နဲ့ 20% Movement Speed Slow နဲ့ Attack Speed Slow ကို 5 seconds ကြာအောင်
ခံစားရဦးမှာဖြစ်ပါတယ်။ (ဖော်ပြပါပုံဟာ ယခင် Maximum 15 Soul Line ပဲရှိစဉ်က ပုံအဟောင်းကို အသုံးပြုထားခြင်းဖြစ်လို့ အနည်းငယ်ကွဲလွဲနိုင်ပြီး အဓိကအနေနဲ့ Soul Line တစ်ခုခြင်းစီရဲ့ AoE ကို
မြင်သာစေရုံသာ ရည်ရွယ်ထားပါတယ်။)

Overview
Nevermore ဟာ အခြား Carry Hero တွေထက်အားသာတဲ့ Shadowraze ကို ပိုင်ဆိုင်ထားခြင်းဖြင့် အလျင်မြန်ဆုံး Farming အား တစ်ခုရရှိအောင် အထောက်အပံ့ဖြစ်ပေါ်စေပါတယ်။ 300 Damage ဆီ အသီးသီးရှိတဲ့ Sha-dowraze သုံးခုကို မှန်ကန်စွာ အသုံးပြုခြင်းဖြင့် Creep Wave တစ်ခုကို မပင်မပန်းဘဲ စားနိုင်မှာဖြစ်လို့ အစောပိုင်းမှာ သင့်ရဲ့ Mana Regen ကို အထောက်အကူပေးမယ့် Bottle တစ်လုံးလောက်တော့ မဖြစ်မနေဝယ်ထားသင့်တဲ့ အခြေခံ Item တစ်ခုဖြစ်ပါတယ်။ Bottle ဟာ အခြေခံအကျဆုံး Item ဖြစ်သလို Boots of Travel + Dagger (သို့မဟုတ်) Power Treads + Shadow Blade အစရှိတဲ့ မတူညီတဲ့ ကစားကွက်နှစ်မျိုးနဲ့ အစပြုလေ့ရှိတာကိုတွေ့ရလေ့ရှိပြီး ပထမ Item Build က သင့်ရဲ့ Late Game တိုက်ခိုက်မှုကို အထောက်အကူပြုဖို့အတွက် သင်ရရှိထားတဲ့ Shadowraze ကို ပိုင်ပိုင်နိုင်နိုင်အသုံးချပြီး ပိုက်ဆံမြန်မြန်ရှာဖို့အတွက်ရွေးချယ်နိုင်ပြီး ဒုတိယ Item Build အနေနဲ့ ကစားပွဲအလယ် Team Fight ဝင်ပေးတဲ့ Carry ပုံစံဖြစ်သွားစေပါလိမ့်မယ်။ တတိယမြောက် မဖြစ်မနေ
ရွေးချယ်ပေးရမယ့် Item ကတော့ ပျော့ပြီးသေလွယ်တဲ့ Nevermore အတွက် အလွန်အသုံးတည့်တဲ့ Black King Bar ပဲဖြစ်ပါတယ်။ Cast Time 1.6 seconds ရှိတဲ့ Requiem of Soul ကို အသုံးပြုဖို့အတွက် Dagger, Shadow Blade ထက် BkB က ပိုမိုတိကျစေရုံမကဘဲ Team Fight တစ်ခုမှာ Disable ခံရတဲ့အခြေအနေမှ လွတ်ကင်းစွာနဲ့ Physical Damage ဖြင့် ရိုးရှင်းစွာ တိုက်ခိုက်နိုင်မှာဖြစ်ပါတယ်။ မိမိနဲ့ယှဉ်ပြီး တိုက်ခိုက်ရမယ့် Hero မျိုးပါလာခဲ့ရင် Butterfly + Monkey King Bar + Stanic အစရှိတဲ့ Build, Team Fight အများစုကြုံတွေ့ရမယ့် အခြေအနေမျိုးအတွက် Assault Cuirass + Skadi + Daedalus အစရှိတဲ့ မိမိနှစ်သက်ရင်နှစ်သက်သလို ရွေးချယ်နိုင်တဲ့  Item  ပေါင်းများစွာနဲ့ လိုက်ဖက်တဲ့ Nevermore The Shadow Fiend ပဲဖြစ်ပါတယ်။

Nevermore ဟာ မိမိကျွမ်းကျင်မှုရှိအောင်၊ နေတတ်ထိုင်တတ်အောင် လေ့ကျင့်ထားနိုင်တာနဲ့အမျှ ကစားပွဲရဲ့အစ၊ အလယ်၊ အဆုံး တစ်ဖက်အသင်းကို ဒုက္ခကောင်းကောင်းပေးမယ့် Hero တစ်ကောင်ဖြစ်ပါတယ်။ တစ်ဖက်အသင်းအနေနဲ့လည်း အလွန် သတ်ရလွယ်အောင် ပြေးလွှားစရာ Ability မရှိတဲ့အပြင် ပျော့လွန်းတဲ့အတွက် အစောပိုင်းမိမိရဲ့ အနေအထိုင်တတ်မှုဟာ များစွာအရေးကြီးတဲ့ အချက်တစ်ချက်ဖြစ်ပါတယ်။ Nevermore The Shadow Fiend ဟာ Flexible ကျတဲ့ Carry Hero တစ်ကောင်ဖြစ်လို့ သင်ကြိုက်နှစ်သက်တဲ့ကစား ကွက်သာလျှင် သင့်အတွက် အကောင်းဆုံးဖြစ်ပါလိမ့်မယ်။