Network Profile Name ကို ဘယ်လိုပြောင်းမလဲ

Network တစ်ခုကိုချိတ်ဆက်တဲ့အခါမှာ အဆိုပါ network ရဲ့ profile နာမည်ဟာ အခြားတစ်ခုနဲ့ တူညီနေတာပဲဖြစ်ဖြစ် ဥပမာ default name ဖြစ်တဲ့ Network, Network 1, Network 2 အစရှိတာတွေ အလိုအလျောက်ပေးနေတာကို အသုံးမပြုလိုတဲ့အခါမှာပဲဖြစ်ဖြစ် network profile ကို နည်းလမ်း ၂မျိုးနဲ့ ပြောင်းလဲနိုင်ပါတယ်။ နည်းလမ်း ၂ မျိုးမှာ တစ်မျိုးက Local Security Policy ကနေ ပြောင်းလဲတဲ့ နည်းလမ်းဖြစ်ပြီး နောက်ထပ်နည်းလမ်းတစ်မျိုးကတော့ Registry editor ကနေ ပြောင်းလဲမယ့် နည်းလမ်း ဖြစ်ပါတယ်။

အလွယ်ကူဆုံး နည်းလမ်းဖြစ်တဲ့ Local Security Policy ကနေ လုပ်နည်းကိုဖော်ပြပေးမှာဖြစ်ပါတယ်။ ပထမဆုံး Win + R key နဲ့ Run box ကိုဖွင့်ပါ။ ပြီးရင် secpol.msc ဆိုတဲ့ command ကိုရိုက်ထည့်ရပါမယ်။ Local Security Policy box ထဲရောက်ပြီဆိုရင် Network List Manager Policies ဆိုတာကိုရွေးပြီး ညာဘက် အခြမ်းမှာ Network ဆိုတာကို ရွေးပြီး double-click နှိပ်ပါ။

Network Properties ကိုရောက်သွားရင် Name ဆိုတဲ့နေရာမှာ ကိုယ်ပေးချင်တဲ့ အမည်ကို သတ်မှတ်ပေးပြီး Ok button ကိုနှိပ်ပါ။ ဒါဆိုရင် Network profile မှာ ကိုယ်ပြောင်းထားတဲ့အမည်ကို တွေ့ရမှာဖြစ်ပါတယ်။

ဒါဆိုရင် Network Profile Name ကို Local Security Policy ထဲကနေ ပြောင်းပြီးပြီဖြစ်ပါတယ်။

-သီဟ