Netflix ရဲ့ The Dark Crystal: Age of Resistance စီးရီး ဖျက်သိမ်း

Netflix က season တစ်ခု ထုတ်လွှင့်အပြီး The Dark Crystal: Age of Resistance ကိုဖျက်သိမ်းလိုက်တယ်လို့ ကြေညာလိုက်ပါတယ်။ ဒီသတင်းကတော့ Thra ဂြိုဟ်ကို နှစ်သက်ကြတဲ့ ပရိသတ်တွေအတွက် ဝမ်းနည်းစရာအကောင်းဆုံး သတင်းပါ။

The Dark Crystal: Age of Resistance ကတော့ ၁၉၈၂ ခုနှစ်က ထွက်ရှိခဲ့တဲ့ The Dark Crystal ရဲ့ prequel ဇာတ်လမ်းဖြစ်ပါတယ်။ ရုပ်သေးတွေနဲ့ ရိုက်ကူးထားတဲ့ စီးရီးမှာ မာ့ခ်ဟမ်မဲ၊ ကီဂန်မိုက်ကယ်ကီး၊ ဆိုင်မွန်ပတ်ချ်၊ အန်ဒီဆန်ဘတ်၊ နာတာလီဒိုမာနဲ့ အယ်လီရှာဗစ်ကန်ဒါလိုမျိုး သရုပ်ဆောင်တွေက အသံနဲ့ ပါဝင်အားဖြည့်ပေးထားပါတယ်။

The Dark Crystal: Age of Resistance စီးရီးကို ပရိသတ်နဲ့ ဝေဖန်ရေးသမားတွေ နှစ်သက်ကြသလို ဒီနှစ် Emmy ပွဲမှာ အကောင်းဆုံး ကလေးအစီအစဉ်ဆုကို ရရှိထားပါတယ်။ ဒါပေမဲ့ Netflix မှာတော့ နောက်ထပ် season တစ်ခု မထွက်ရှိတော့ပါဘူး။

-စိုးထက်
Ref: CNET

»»» အင်တာနက်ဂျာနယ်ကနေ တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့စိတ်၀င်စားဖွယ်ရာ အ‌ကြောင်းအရာတွေကို နေ့စဉ် ည(၇) နာရီအချိန်မှာ ဒီဂျစ်တယ်ဗားရှင်း သတင်းစာစောင်လေးအနေနဲ့ ဒီနေရာ ကနေ ရယူဖတ်ရှုနိုင်မယ့် IJ Mini Newspaper «««