Netflix မှာ screen lock လုပ်ဆောင်ချက် ပါဝင်လာ

ဖုန်းမှာ Netflix နဲ့ရုပ်ရှင်ကြည့်တဲ့အခါမှာ ခလုတ်တွေ မတော်မဆ ထိမိနိုင်တာကို ကာကွယ်ပေးမယ့် screen lock အမည်ရ feature ပါဝင်လာပါတယ်။ အဲဒီ feature က Android ပေါ်က Netflix မှာပါဝင်လာပါတယ်။

အဲဒီ screen lock ကိုတီဗီအစီအစဉ် ဒါမှမဟုတ်ရုပ်ရှင် ဖွင့်ပြီးတာနဲ့ မျက်နှာပြင်အောက်ခြေမှာ ပေါ်လာမှာ ဖြစ်ပါတယ်။ Screen lock ကိုဖွင့်ထားလိုက်ရင် “Play/Pause” ခလုတ်တွေကို နှိပ်လို့ မရတော့ပါဘူး။ ပုံမှန်အတိုင်း ပြန်လည် လည်ပတ်မယ်ဆိုရင်တော့ မျက်နှာပြင်ကို tap ၂ချက်လုပ်ပြီး unlock လုပ်ပေးရပါမယ်။

Screen lock ကို အသုံးပြုတဲ့အခါမှာ Android စနစ် gesture တွေဖြစ်တဲ့ နောက်ကို swipe လုပ်တာကိုတော့ အသုံးပြုနိုင်ပါမယ်။

စိုးထက်
Ref: TheVerge