Netflix မှာထုတ်လွှင့်မယ့် ကိုရီးယားဒရာမာ စီးရီးသစ် ‘Record of Youth’

Netflix ဟာ ၂၀၂၀ နှစ်ဝက်အတွင်း တောင်ကိုရီးယား ဒရာမာစီးရီးသစ် Record of Youth ကိုဖြန့်ချိမယ်လို့ ကြေညာခဲ့ပါတယ်။

Record of Youth စီးရီးမှာ နာမည်ကျော် သရုပ်ဆောင်တွေဖြစ်တဲ့ ပါ့ခ်ဘိုဂမ် (Encounter)၊ ပါ့ခ်ဆိုဒမ် (Parasite) နဲ့ ဗြောင်ဝူးဆော့ (Dear My Friends) ပါဝင်လာပါမယ်။ စီးရီးကို Stranger, Memories of Alhamba and Watcher တို့ရိုက်ကူးတဲ့ ဂီဟိုက ရိုက်ကူးသွားပါမယ်။

Doctors နဲ့ Temperature of Love တို့နဲ့ ကျော်ကြားလာတဲ့ ဟာမြောင်ဟီးက ဇာတ်ညွှန်းရေးပြီး Studio Dragon နဲ့ Pan Entertainment တို့က ထုတ်လုပ်ထားပါတယ်။

Netflix ဟာ Record of Youth ကိုတောင်ကိုရီးယားပြင်ပမှာ ထုတ်လွှင့်ပြသခွင့်ရထားပါတယ်။ Record of Youth ဇာတ်လမ်းက ရည်မှန်းချက်ကြီးတဲ့ မော်ဒယ်၊ သရုပ်ဆောင်နဲ့ မိတ်ကပ်ပညာရှင်နဲ့ လူငယ်တစ်ဦးတို့ ရုန်းကန်လှုပ်ရှာတဲ့အကြောင်းပဲ ဖြစ်ပါတယ်။

စိုးထက်
Ref: UPI