
ကေဒရာမာ ပရိသတ်တွေ အတွက် စိတ်ကျေနပ်စေမယ့် စီးရီးတွေပါ။ အခုစီးရီးတွေမှာ ဟာသတွေကနေ စိတ်ကြည်နူးဖွယ် အချစ်ဇာတ်လမ်းကနေ သမိုင်းနဲ့ပတ်သက်တဲ့ ဇာတ်လမ်းတွေ ပါဝင်ပါတယ်။
Crash Landing on You
အခုကေဒရာမာစီးရီးကတော့ ပရိသတ်တွေအကြား အလွန်ရေပန်းစားနေပါတယ်။ တောင်ကိုရီးယားမှာတော့ tvN ကနေဖြန့်ချိခဲ့ပြီး ကမ္ဘာတစ်ဝန်းမှာတော့ Netflix ကနေကြည့်နိုင်ပါတယ်။ Crash Landing On You ဟာ ကြည့်ရှုသူအရေအတွက် အလွန်များတာကြောင့် တီဗီသမိုင်းတစ်လျှောက် တတိယမြောက်လူကြည့်အများဆုံး ကိုရီးယားဒရာမာ ဖြစ်လာပါတယ်။
စီးရီးရဲ့ အချစ်ဇာတ်လမ်းပိုင်းနဲ့ သရုပ်ဆောင်တွေကလည်း နာမည်ကြီးတွေပါပဲ။ မြောက်ကိုရီးယားက နေ့စဉ်ဘဝ ပုံဖော်မှုတွေနဲ့ပတ်သက်ပြီး စီးရီးကို လူတွေက ချီးကျူးထားကြပါတယ်။
Itaewon Class
Webtoon စီးရီးကို အခြေခံထားတဲ့ ဇာတ်လမ်းတွဲပါ။ ကိုရီးယားနိုင်ငံက စားသောက်ကုန်လုပ်ငန်းကို အနီးကပ်လေ့လာထားပါတယ်။ ဒါ့အပြင် ဇာတ်လမ်းက လူမှုအလွှာ၊ လူမျိုးရေးခွဲခြားမှုနဲ့ ကျား/မ ဆိုင်ရာကိစ္စတွေကို စူးစမ်းထားပါတယ်။ ဇာတ်လမ်းထဲက အဓိက ဇာတ်ကောင်တွေက အပြန်အလှန် တုံ့ပြန်ရင်း ပြဿနာတွေကို တင်ပြထားပါတယ်။
Extracurricular
Extracurricular စီးရီးကတော့ သာမန်ဆယ်ကျော်သက် ကေဒရာမာတွေထက် အမှောင်ဘက်ခြမ်း ပိုရောက်ပါတယ်။ ဆယ်ကျော်သက်တွေရဲ့ အကျင့်စာရိတ္တပျက်ကွက်မှုတွေအကြောင်း ဆင်ခြင်မိမှာပါ။
Goblin
Goblin စိတ်ကူးယဉ်ဒရာမာကို ၂၀၁၆ ခုနှစ်က စလွှင့်ခဲ့ပေမယ့် အခုထိစွဲမက်စရာကောင်းတုန်းပါပဲ။ တောင်ကိုရီးယား တစ်နိုင်ငံလုံးမှာ အလွန်ကျော်ကြားခဲ့တဲ့ စီးရီးဖြစ်ပါတယ်။
Kingdom
ကမ္ဘာပျက်ဇွန်ဘီ ဇာတ်လမ်းတွေက ရုပ်ရှင်ဈေးကွက်ထဲ စမ်းသပ်၊ ကြိုးစားပြီး ထပ်ခါတလဲလဲ ထွက်ရှိနေပါတယ်။ ဒါပေမဲ့ Kingdom ကတော့ စိတ်မပျက်စေရဘဲ စီးရီးကို နေရာတစ်ခုမှာ ရပ်တည်စေခဲ့ပါတယ်။ ဇာတ်လမ်းက ကိုရီးယားရဲ့ ဂျိုဆွန်းကာလမှာ တည်ထားပါတယ်။ Kingdom ဇာတ်ကြောင်းက အလွန်မြန်ဆန်ပြီး ပရိသတ်တွေက ဇွန်ဘီတွေမပါတဲ့ ဇာတ်ကွက်တွေကိုလည်း ရင်တမမနဲ့ကြည့်ရမှာပါ။ သမိုင်းနောက်ခံကလည်း အလွန်ပြည့်ဝသလို တိုက်ခိုက်ရေးဇာတ်ကွက်တွေကလည်း အလွန်ကောင်းမွန်ပါတယ်။
စိုးထက်
Ref: SingaporeTatler