Neo QLED တီဗီအသစ်ကို Samsung မိတ်ဆက်

Samsung Electronics ဟာ MiniLED TV တံဆိပ်သစ် New QLED ကိုတော့ CES 2021 ပွဲမတိုင်မီ အွန်လိုင်းပွဲနဲ့ ပထမဆုံး ပြသလိုက်ပါတယ်။

Samsung ရဲ့ liquid crystal display (LCD) တီဗီတွေမှာ အလင်းရင်းမြစ် အဖြစ် MiniLED တွေကိုအသုံးပြုထားပါတယ်။ Samsung ကတော့ Quantum Mini LED လို့ခေါ်ပြီး 8K နဲ့ 4k မော်ဒယ်တီဗီတွေကို ထုတ်လုပ်ထားပါတယ်။ Neo QLED တီဗီပေါ်က LED တွေက နောက်ခံမီးအတွက် သမားရိုးကျ LED အမြင့်ဆုံးအသုံးပြုမှု အပုံ ၄၀ မှာ တစ်ပုံပဲ အသုံးပြုထားတာလို့ Samsung ကပြောခဲ့ပါတယ်။ ဒါကြောင့် နောက်ခံမီးများစွာကို ဆက်လက် ထည့်သွင်းနိုင်ပါသေးတယ်။

Neo QLED ရဲ့ 8K မော်ဒယ်မှာတော့ ဘေးဘောင်နဲ့ ကြိုးမဲ့ဒီဇိုင်း ဖြစ်ပါတယ်။ Neo QLED ဟာ Samsung ရဲ့ LCD တီဗီတွေထဲမှာ ဈေးနှုန်း အမြင့်ဆုံးမော်ဒယ် ဖြစ်လာပါမယ်။

-စိုးထက်
Ref: ZDNet

»»» အင်တာနက်ဂျာနယ်ကနေ ရုပ်သံဖိုင်နဲ့တင်ဆက်တာကို နှစ်သက်သူတွေအတွက် Internet Journal ရဲ့ Youtube channel ဖြစ်တဲ့ ဒီနေရာကို နှိပ်ပြီး Subscription လုပ်ထားဖို့လိုမယ်နော် «««