NeID (National electronic Identity) စနစ္ျဖင့္ မွတ္ပုံတင္ျခင္း လုပ္ငန္းေဆာင္႐ြက္ျခင္း စမ္းသပ္ခဲ့

[ Zawgyi ]

NeID (National electronic Identity) စနစ္နဲ႔ မွတ္ပုံတင္ျခင္း လုပ္ငန္းေဆာင္႐ြက္ျခင္း ကို စမ္းသပ္ခဲ့တယ္လို႔ သိရပါတယ္။

ႏိုင္ငံေတာ္အစိုးရရဲ႕ လမ္းၫႊန္ခ်က္နဲ႔ အညီ NeID (National electronic Identity) စနစ္နဲ႔ မွတ္ပုံတင္ျခင္း လုပ္ငန္းေဆာင္႐ြက္ရာမွာ ေတြ႕ႀကဳံႏိုင္တဲ့ အခက္အခဲေတြနဲ႔ ၾကာျမင့္ခ်ိန္ကို သိရွိႏိုင္ဖို႔အတြက္ လုပ္ငန္းစမ္းသပ္ေဆာင္႐ြက္ခဲ့ေၾကာင္း၊ ျပည္ေထာင္စုနယ္ေျမ၊ မႏၲေလး၊ ရန္ကုန္နဲ႔ ရခိုင္တို႔မွာ၂၀၁၆ ခုႏွစ္ ဒီဇင္ဘာ ၈ ရက္မွစတင္ေဆာင္႐ြက္ခဲ့ေၾကာင္း၊ စတင္ ေဆာင္႐ြက္ခ်ိန္မွ ၂၀၁၈ ခုႏွစ္ မတ္ ၁၉ ရက္အထိ စုစုေပါင္းလူဦးေရ ၄၄၃၄၉ ဦး ေကာက္ယူၿပီးစီးခဲ့ေၾကာင္း လူဝင္မႈ ႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးသိန္းေဆြက ဒုတိယအႀကိမ္ ျပည္သူ႔လႊတ္ေတာ္ အ႒မပုံမွန္ အစည္းအေဝး ၁၄ ရက္ေျမာက္ေန႔မွာ ေျပာၾကားခဲ့ပါတယ္။

ဒါ့အျပင္ ျမန္မာႏိုင္ငံကူးလက္မွတ္ ထုတ္ေပးေရး႐ုံးခြဲေတြျဖစ္တဲ့ ျမဝတီ၊ ေကာ့ေသာင္း၊ တာခ်ီလိတ္၊ ရန္ကုန္နဲ႔ မႏၲေလးတို႔မွာ ၃၆၆၄၃ ဦး၊ ျပည္ပအလုပ္သမား လက္မွတ္ထုတ္ ေပးေရး႐ုံး (ဒဂုံၿမိဳ႕သစ္ေျမာက္ပိုင္းၿမိဳ႕နယ္) မွာ ၄၉၆၉၈ ဦး၊ ထိုင္းႏိုင္ငံသံ႐ုံးမွာ ၂၀၁၄၅၈ ဦးနဲ႔ ထိုင္းႏိုင္ငံရွိ CI စခန္း ၁၁ ခုမွာ ၁၀၅၀၄၀၆ ဦးတို႔ရဲ႕ ကိုယ္ေရး အခ်က္ အလက္နဲ႔ လက္ေဗြ၊ မ်က္ၾကည္လႊာ၊ မ်က္ႏွာဓာတ္ပုံေတြ ေကာက္ယူႏိုင္ခဲ့ပါေၾကာင္း သိရပါတယ္။

NeID စနစ္ စီမံကိန္း အေကာင္အထည္ ေဖာ္ေဆာင္႐ြက္ဖို႔အတြက္ ေလ့လာဆန္းစစ္ျခင္း၊ စမ္းသပ္ေဆာင္႐ြက္ျခင္း၊ မူဝါဒရယူျခင္းနဲ႔ ေကာ္မတီမ်ား ဖြဲ႕စည္းျခင္း လုပ္ငန္းေတြကို ႏိုင္ငံေတာ္အစိုးရရဲ႕ လမ္းၫႊန္ခ်က္နဲ႔အညီ ေဆာင္႐ြက္ လ်က္ရွိေၾကာင္း ေျပာၾကားခဲ့ပါတယ္။ ႏိုင္ငံအတြင္း ေနထိုင္သူ အားလုံး အား ID နံပါတ္တစ္ခုခ်င္းစီျဖင့္ Database တည္ေဆာက္ျခင္းကို ဦးစားေပး ေဆာင္႐ြက္ေပးရန္ အစီအစဥ္ရွိ၊ မရွိ ေမးခြန္းႏွင့္ စပ္လ်ဥ္းတဲ့ေမးခြန္းကို ေျဖၾကားခဲ့တာျဖစ္ပါတယ္။

-ထြန္းထြန္း

[ Unicode ]

NeID (National electronic Identity) စနစ်နဲ့ မှတ်ပုံတင်ခြင်း လုပ်ငန်းဆောင်ရွက်ခြင်း ကို စမ်းသပ်ခဲ့တယ်လို့ သိရပါတယ်။

နိုင်ငံတော်အစိုးရရဲ့ လမ်းညွှန်ချက်နဲ့ အညီ NeID (National electronic Identity) စနစ်နဲ့ မှတ်ပုံတင်ခြင်း လုပ်ငန်းဆောင်ရွက်ရာမှာ တွေ့ကြုံနိုင်တဲ့ အခက်အခဲတွေနဲ့ ကြာမြင့်ချိန်ကို သိရှိနိုင်ဖို့အတွက် လုပ်ငန်းစမ်းသပ်ဆောင်ရွက်ခဲ့ကြောင်း၊ ပြည်ထောင်စုနယ်မြေ၊ မန္တလေး၊ ရန်ကုန်နဲ့ ရခိုင်တို့မှာ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၈ ရက်မှစတင်ဆောင်ရွက်ခဲ့ကြောင်း၊ စတင် ဆောင်ရွက်ချိန်မှ ၂၀၁၈ ခုနှစ် မတ် ၁၉ ရက်အထိ စုစုပေါင်းလူဦးရေ ၄၄၃၄၉ ဦး ကောက်ယူပြီးစီးခဲ့ကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန် အစည်းအဝေး ၁၄ ရက်မြောက်နေ့မှာ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးခွဲတွေဖြစ်တဲ့ မြဝတီ၊ ကော့သောင်း၊ တာချီလိတ်၊ ရန်ကုန်နဲ့ မန္တလေးတို့မှာ ၃၆၆၄၃ ဦး၊ ပြည်ပအလုပ်သမား လက်မှတ်ထုတ် ပေးရေးရုံး (ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်) မှာ ၄၉၆၉၈ ဦး၊ ထိုင်းနိုင်ငံသံရုံးမှာ ၂၀၁၄၅၈ ဦးနဲ့ ထိုင်းနိုင်ငံရှိ CI စခန်း ၁၁ ခုမှာ ၁၀၅၀၄၀၆ ဦးတို့ရဲ့ ကိုယ်ရေး အချက် အလက်နဲ့ လက်ဗွေ၊ မျက်ကြည်လွှာ၊ မျက်နှာဓာတ်ပုံတွေ ကောက်ယူနိုင်ခဲ့ပါကြောင်း သိရပါတယ်။

NeID စနစ် စီမံကိန်း အကောင်အထည် ဖော်ဆောင်ရွက်ဖို့အတွက် လေ့လာဆန်းစစ်ခြင်း၊ စမ်းသပ်ဆောင်ရွက်ခြင်း၊ မူဝါဒရယူခြင်းနဲ့ ကော်မတီများ ဖွဲ့စည်းခြင်း လုပ်ငန်းတွေကို နိုင်ငံတော်အစိုးရရဲ့ လမ်းညွှန်ချက်နဲ့အညီ ဆောင်ရွက် လျက်ရှိကြောင်း ပြောကြားခဲ့ပါတယ်။ နိုင်ငံအတွင်း နေထိုင်သူ အားလုံး အား ID နံပါတ်တစ်ခုချင်းစီဖြင့် Database တည်ဆောက်ခြင်းကို ဦးစားပေး ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်းတဲ့မေးခွန်းကို ဖြေကြားခဲ့တာဖြစ်ပါတယ်။

-ထွန်းထွန်း