NIBBAN ELECTRIC & ELECTRONICS မွ ထုတ္ကုန္သစ္မ်ားကို မန္းတြင္မိတ္ဆက္

[ Zawgyi ]

NIBBAN ELECTRIC & ELECTRONICS မွ အဆင့္ျမင့္ နည္းပညာမ်ားျဖင့္ ဆန္းသစ္တီထြင္ထားေသာ ထုတ္ကုန္သစ္မ်ား မိတ္ဆက္ပြဲ အခမ္းအနားကို ေမလ ၂၉ ရက္ ေန႔လယ္ ၂ နာရီက မႏၱေလးၿမိဳ႕ HILTON HOTEL & RESORTS မွာက်င္းပခဲ့ပါတယ္။

အခမ္းအနားမွာ NIBBAN ရဲ႕ဆန္းသစ္တီထြင္ထားေသာ အသံထြက္ထူးျခားေကာင္းမြန္ေသာ Sound Bar ပါ TV မ်ား၊ မိမိအိမ္တြင္ ရုပ္ရွင္ရံုတြင္ ၾကည့္႐ႈသကဲ့သို႔ ရုပ္သံအရည္အေသြးမ်ားကိုေပးစြမ္းႏိုင္ေသာ Home Cinemax TV ၊ ကမာၻ႕ပထမဆံုး ကန္သံုးကန္ပါ အဝတ္ေလွ်ာ္စက္၊ အဆင့္ျမင့္နည္းပညာမ်ား အသံုးျပဳထားေသာ ဒုတိယမ်ိဳးဆက္ Electronic ထိန္းခ်ဳပ္စနစ္ပါ Freezer မ်ား၊ အဝတ္ေျခာက္စက္မ်ား၊ အလင္းႏွင့္ ဇီဝနည္းပညာသံုး အဆင့္ျမင့္ ျခင္ဖမ္းစက္ႏွင့္ ယင္ဖမ္းစက္မ်ားကို မိတ္ဆက္ကာ လက္ေတြ႔ျပသ ခဲ့တယ္လို႔ သိရပါတယ္။

NIBBAN အေနျဖင့္ ၂၀၁၄ ခုႏွစ္တြင္ အာဆီယံ အင္ဂ်င္နီယာအဖြဲ႕ခ်ဳပ္မွ ခ်ီးျမွင့္ေသာ အာဆီယံအင္ဂ်င္နီယာဆိုင္ရာ ထူးခၽႊန္ဆု ၊ ၂၀၁၅ ခုႏွစ္တြင္ ႏိုင္ငံေတာ္သမၼတမွ ခ်ီးျမွင့္ေသာထူးခၽြန္ အလတ္စားစီးပြားေရးလုပ္ငန္းရွင္ဆု ၊ ၂၀၁၇ ခုႏွစ္တြင္ ASEAN Enterprise Award ဆုတို႔ကို ရရွိခဲ့တယ္လို႔ သိရပါတယ္။

-ေအာင္သူ

===========

[ Unicode ]

NIBBAN ELECTRIC & ELECTRONICS မှ ထုတ်ကုန်သစ်များကို မန်းတွင်မိတ်ဆက်

===========

NIBBAN ELECTRIC & ELECTRONICS မှ အဆင့်မြင့် နည်းပညာများဖြင့် ဆန်းသစ်တီထွင်ထားသော ထုတ်ကုန်သစ်များ မိတ်ဆက်ပွဲ အခမ်းအနားကို မေလ ၂၉ ရက် နေ့လယ် ၂ နာရီက မန္တလေးမြို့ HILTON HOTEL & RESORTS မှာကျင်းပခဲ့ပါတယ်။

 

အခမ်းအနားမှာ NIBBAN ရဲ့ဆန်းသစ်တီထွင်ထားသော အသံထွက်ထူးခြားကောင်းမွန်သော Sound Bar ပါ TV များ၊ မိမိအိမ်တွင် ရုပ်ရှင်ရုံတွင် ကြည့်ရှုသကဲ့သို့ ရုပ်သံအရည်အသွေးများကိုပေးစွမ်းနိုင်သော Home Cinemax TV ၊ ကမ္ဘာ့ပထမဆုံး ကန်သုံးကန်ပါ အဝတ်လျှော်စက်၊ အဆင့်မြင့်နည်းပညာများ အသုံးပြုထားသော ဒုတိယမျိုးဆက် Electronic ထိန်းချုပ်စနစ်ပါ Freezer များ၊ အဝတ်ခြောက်စက်များ၊ အလင်းနှင့် ဇီဝနည်းပညာသုံး အဆင့်မြင့် ခြင်ဖမ်းစက်နှင့် ယင်ဖမ်းစက်များကို မိတ်ဆက်ကာ လက်တွေ့ပြသ ခဲ့တယ်လို့ သိရပါတယ်။

NIBBAN အနေဖြင့် ၂၀၁၄ ခုနှစ်တွင် အာဆီယံ အင်ဂျင်နီယာအဖွဲ့ချုပ်မှ ချီးမြှင့်သော အာဆီယံအင်ဂျင်နီယာဆိုင်ရာ ထူးချွှန်ဆု ၊ ၂၀၁၅ ခုနှစ်တွင် နိုင်ငံတော်သမ္မတမှ ချီးမြှင့်သောထူးချွန် အလတ်စားစီးပွားရေးလုပ်ငန်းရှင်ဆု ၊ ၂၀၁၇ ခုနှစ်တွင် ASEAN Enterprise Award ဆုတို့ကို ရရှိခဲ့တယ်လို့ သိရပါတယ်။

-အောင်သူ