NEC Express Server 5800/ T71h Desktop

အချက်အလက်တွေကိုပိုပြီး လုံခြုံစိတ်ချရအောင် သိမ်းတဲ့အခါတွေ၊ လုပ်ငန်းတွေကို parallel သုံးဖို့ အတွက်ဖြစ်စေ အသုံးပြုနိုင်မယ့် NEC Express Server 5800/ T71h Desktop (Tower Type Server) ဖြစ်ပါတယ်။ Desktop ကွန်ပျူတာ ဈေးနှုန်းလောက်သာကျသင့်မှာဖြစ်ပြီး အရည်အသွေးမြင့် Japan Brand ဖြစ်တယ်လို့ သိရပါတယ်။ Intel Xeon Processor E3-1220 v5 CPU ကိုသုံးထာတာကြောင့် အကောင်းဆုံးနဲ့ အမြင့်မားဆုံး Computing Power ကို ရနိုင်မှာဖြစ်တယ်လို့သိရပါတယ်။ Memory ပိုင်းအတွက် DDR4 စနစ်နဲ့ 8GB ထောက့်ပေးထားပြီး လိုအပ်ပါက 32GB အထိ ထပ်တိုးနိုင်မှာဖြစ် ပါတယ်။ အချက်အလက်တွေ သိမ်းဆည်းဖို့အတွက် 1 TB (3.5 HDD) ထောက်ပံ့ပေးထားပြီး လိုအပ်ပါက 16 TB အထိ ထပ်တိုးနိုင်ပါသေးတယ်။ Data တွေကို mirroring လုပ်ခြင်းနဲ့ Hard Disk တွေကို parallel run ရာမှာအရေးပါတဲ့ RAID Level 0/1 ပါဝင်တာကြောင့် အမြင့်ဆုံး performance နဲ့ အလုပ်တွေကို လုပ်နိုင်မှာဖြစ်ပါတယ်။ အထောက်အပံ့ပေးတဲ့ OS ကတော့ Windows 8 & 10 Pro ဖြစ်ပါတယ်။ Optical Standard DVD Super Multi Drive, Connectivity 1 VGA, Port, 2 x USB 3.0 (Front), 2 x USB 3.0 (near), 2 x USB 2.0, LAN RJ45 စတာတွေလဲ ထောက်ပံ့ပေးထားပါတယ်။ ကန်ဒေါ်လာ ၅၄၉ ဒေါ်လာနဲ့ ညီမျှတဲ့ မြန်မာကျပ်ငွေနဲ့ ရောင်းချပေးသွားမှာဖြစ်ပါတယ်။ Technoland ဖုန်း – ၀၉ ၉၇၀၀ ၃၅၁၀၄ (ရန်ကုန်)၊ ၀၉ ၉ ၆၇၉ ၁၈၀၆၀ (မန်း) နဲ့ ၀၉ ၉ ၇၆၀၁၈၃၉ ၃ (နေပြည်တော်) ကို ဆက်သွယ်ဝယ်ယူနိုင်ပြီဖြစ်ပါတယ်။

-ကျော်ဇေယျ