NCC (UK) First in World Winner (၂၀၁၆ တစ်ကမ္ဘာလုံး ပထမဆုရှင်) မောင်ကောင်းဝေယံလင်း၏ Student life

NCC (UK) First in World Winner (၂၀၁၆ တစ်ကမ္ဘာလုံး ပထမဆုရှင်) မောင်ကောင်းဝေယံလင်း၏ Student life ကို ဖော်ပြပေးမှာဖြစ်ပါတယ်။

အမည်လေး ပြောပြပေးပါအုံး။

ကျွန်တော့်နာမည်က ကောင်းဝေယံလင်း ဖြစ်ပါတယ်။

ဒီဘာသာရပ်ကို ဘာကြောင့်တက်ဖြစ်တာပါလဲ။

ကျွန်တော်က ငယ်ငယ်ကတည်းက အင်ဂျင်နီယာ တစ်ယောက် ဖြစ်ချင်ခဲ့တာပါ။ ကျွန်တော် ၂၀၁၃ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲမှာ ဂုဏ်ထူး ၆ ဘာသာနဲ့ အောင်မြင်ခဲ့ပါတယ်။ ကျွန်တော်ရည်မှန်းထားတဲ့ အင်ဂျင်နီယာ တစ်ယောက်ဖြစ်ဖို့အတွက် Yangon Technological University မှာ တက်ရောက်ခွင့် ရတာလည်း သေချာနေတဲ့ အချိန်ဖြစ်နေခဲ့ပါတယ်။ အဲဒီအချိန်မှာ ကျွန်တော် သိလိုက်ရတာက ဒီနေ့ခေတ်မှာ အင်ဂျင်နီယာပဲ ဖြစ်ဖြစ်၊ ဆရာဝန်ပဲဖြစ်ဖြစ်၊ စီးပွားရေး လုပ်ငန်းရှင်ပဲဖြစ်ဖြစ် IT ပညာရပ်ဟာ
မရှိမဖြစ် လိုအပ်လာတဲ့အတွက် လေ့လာသင့်တဲ့ ဘာသာရပ်တစ်ခု ဖြစ်တယ်ဆိုတာပါပဲ။ ဒါကြောင့်မို့လို့ YTU မတက်ခင် အားနေတဲ့ အချိန်မှာ IT ပညာလေ့လာဖို့ IT သင်တန်းကျောင်းတွေကို စုံစမ်းတဲ့အခါ KMD Institute မှာ တက်ရောက်ဖို့ အခွင့်အလမ်း ရရှိခဲ့တာကြောင့် တက်ရောက်ဖြစ်ခဲ့တာပါ။

ဒီသင်တန်းတက်ဖို့ ဘာကြောင့် KMD Institute ကျောင်းကို ရွေးချယ်ခဲ့တာပါလဲ။

ကျွန်တော်တို့ ကျောင်းသူ၊ ကျောင်းသားတွေအတွက် အခုခေတ်မှာ Scholarship ပေးတဲ့ သင်တန်းကျောင်းတွေ အများကြီးရှိပါတယ်။ အဲ့ဒီသင်တန်းတွေထဲကမှ KMD Institute ကို ရွေးချယ် ဖြစ်တာကတော့ IT နည်းပညာ သင်တန်းကျောင်းအဖြစ် ရပ်တည်ခဲ့တဲ့နှစ် (၃၀) အတွင်းမှာ Achiever Award ရရှိတဲ့ ကျောင်းသူ၊ ကျောင်းသားတွေကို အများဆုံးမွေးထုတ် ပေးနေတဲ့ ကျောင်းတစ်ကျောင်းဖြစ်ပြီး ကျွန်တော့်တို့လို ၅ ဘာသာ၊ ၆ ဘာသာ ဂုဏ်ထူးရှင်တွေ အတွက်လည်း Tuition Fees 100% Scholarship ပေးအပ်နေတာကြောင့် တက်ရောက်ဖြစ်ခဲ့တာ ဖြစ်ပါတယ်။

NCC (UK) First in World Winner (၂၀၁၆ တစ်ကမ္ဘာလုံး ပထမဆုရှင်) ဖြစ်လာခဲ့ပုံကို ပြောပြပေးပါအုံး။

ကျွန်တော့်ရဲ့ ပညာရေးနဲ့ ပတ်သက်တဲ့ ရွေးချယ်မှု မှန်ကန်ခဲ့ပါတယ်။ YTU Mechatronic Major မှာလည်း ပထမစာသင်နှစ်ကို Roll No 1 နဲ့ အောင်မြင်ခဲ့သလို IT ဘက်မှာလည်း ပထမနှစ်မှာ NCC Education (UK) က ပေးအပ်တဲ့ Regional High Achiever Award ကို ရရှိခဲ့ပါတယ်။ ဒုတိယနှစ်မှာလည်း Tuition Fees 100% Scholarship ဖြင့် တက်ရောက်ခွင့်ရခဲ့ပြီး First in World 2016 ကို ထပ်မံရရှိပါတယ်။ B.Sc(Hons) Business Information Technology ဘွဲ့အတွက် နောက်ဆုံးနှစ် သင်တန်းကြေးကိုလည်း Tuition
Fees 100% Scholarship နဲ့ဆက်လက် တက်ရောက်ခွင့်ကိုလည်း ရရှိထားပါတယ်။

သင်တန်းစာတွေနဲ့ ပတ်သက်လို့ တွေ့ကြုံရတဲ့ အခက်အခဲတွေကို ဘယ်လိုဖြေရှင်းပါသလဲ။

ကျွန်တော်တက်ခဲ့တဲ့ ၂ နှစ် အတွင်းမှာ YTU က စာမေးပွဲရော KMD က International course တွေမှာရော result ကောင်းဖို့အတွက် ကြိုးစားခဲ့ရပါတယ်။ အဲလို အောင်မြင်မှု ရရှိခဲ့တာကလည်း ကျွန်တော့် ကြိုးစားအားထုတ်မှုအပြင် သင်ကြားပေးတဲ့ ဆရာ၊ ဆရာမများ ကိုယ်တိုင် ကျောင်းမှာ အချိန်ပြည့်ရှိနေတဲ့အတွက်လို အပ်တဲ့အချိန်မှာ လိုအပ်တာကို လွယ်လွယ်ကူကူ မြန်မြန်ဆန်ဆန်ရရှိနိုင်ခဲ့တာ
တွေကြောင့်လည်း အခက်အခဲတွေကို ဖြေရှင်းနိုင်ခဲ့ပါတယ်။ KMD မှာ သင်ကြားရတဲ့ IT ဘာသာရပ်တွေထဲမှာ Logical Thinking ကို အားပေးတဲ့ ဘာသာရပ်တွေပါတာကြောင့် YTU က Calculation နဲ့ Logic ဘာသာရပ်တွေမှာလည်း အခြေခံအုတ် မြစ်ကောင်းတစ်ခု ရရှိခဲ့ပါတယ်။

ကျောင်းသားတွေအတွက် အကြံပြု ပြောစကားလေးပြော ပေးပါအုံး။

အကြုံပြုချင်တာက IT ပညာရပ်ရဲ့ အရေးပါမှုဟာ ထင်ရှားနေတာဖြစ်တဲ့ ပြင် အခုဆိုရင် KMD ကလည်း Scholarship တွေကို 20% မှ 100% အထိ ပေးနေတာဖြစ်တဲ့အတွက် ရရှိထားတဲ့ အခွင့်အရေးကို လက်လွတ်မခံဘဲ အချိန်ကို အကျိုးရှိစွာ အသုံးချကြပါလို့ ပြောပြ ချင်ပါတယ်။

-ဝေဝေ