‘Nautilus’ detachable Chromebook အသစ်ကို Samsung ထုတ်လုပ်မည်

“Nautilus” လို့အမည်ရတဲ့ အသစ်ထွက်ရှိမယ့် Chrome OS ထုတ်ကုန်ကို Samsung ကထုတ်လုပ်မယ်လို့ အတည်ပြုခဲ့ပြီး ထုတ်ကုန်မှာ စိတ်ဝင်စားစရာ feature တွေ ပါဝင်လာပါတယ်။

“Nautilus” Chromebook ဟာ Google ရဲ့ပထမဆုံး detachable Chromebook တွေထဲက တစ်ခု ဖြစ်လာဖွယ်ရှိပြီး Microsoft ရဲ့ Surface Book လိုမျိုး ထုတ်ကုန်ကို ယှဉ်ပြိုင်ဖို့ ကြိုးစားလာတာ ဖြစ်ပါတယ်။ Chrome OS မှာ Android app တွေကို မိတ်ဆက်ပြီးနောက်ပိုင်းမှာ Chromebook အသစ်တွေကို သုံးစွဲသူတွေက တောင်းဆိုနေကြပါတယ်။ အခုဆိုရင် အဲဒီ ထုတ်ကုန်သစ်ကို Samsung ကထုတ်လုပ်မယ်လို့ Chromium repository မှာ အတည်ပြုထားပါတယ်။

Samsung အနေနဲ့ “Nautilus” ထုတ်ကုန်ကို ဖန်တီးနေတဲ့ထုတ်ပြန်ချက်ကို Chromium repository မှာ ဖော်ပြထားတာကို ChromeUnboxed ကတွေ့ရှိခဲ့ပါတယ်။ ဒါဟာ အပြုသဘောဆောင်တဲ့ လက္ခဏာဖြစ်ပြီး ပြီးခဲ့တဲ့နှစ်က ထွက်ရှိခဲ့တဲ့ Samsung Chromebook Plus နဲ့ Chromebook Pro ထုတ်ကုန်တွေက နှစ်တစ်နှစ်ရဲ့ အကောင်းဆုံး Chromebook တွေဖြစ်ခဲ့ပါတယ်။

Samsung ရဲ့ “Nautilus” ဟာ tablet ဖြစ်သလို Chromebook လည်းဖြစ်ပါတယ်။ ဒါ့အပြင် ကင်မရာပိုင်းမှာ Sony IMX 258 camera sensor စမ်းသပ်ထားတယ်လို့ ဖော်ပြထားပါတယ်။ အဲဒီ camera sensor ကို LG G6 မှာလည်း အသုံးပြုထားပြီး ကျောဘက်ကင်မရာမှာ အနိမ့်ဆုံး 16MP ပါဝင်ပါတယ်။

“Nautilus” ကိုဈေးကွက်မှာ ဘယ်အချိန် ဖြန့်ချိမယ်ဆိုတာ မသိရသေးပေမယ့် Samsung ရဲ့ “Nautilus” ကို ၂၀၁၈ ခုနှစ် အတွင်း ရောင်းချနိုင်ဖွယ်ရှိပါတယ်။

စိုးထက်
Ref: 9to5Google