National Web Portal ကို လာမည့်ဇန်နဝါရီတွင် စတင်နိုင်မည်

မြန်မာနိုင်ငံရဲ့ National Web Portal ကိုလာမယ့် ဇန်နဝါရီမှာ စတင်နိုင်မယ်လို့ မျော်မှန်းထားကြောင်း သိရပါတယ်။

eGovernment conference and ICT exhibition 2017 မှာထည့်သွင်းကျင်းပတဲ့ Strategies for digital myanmar ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲကနေ သိရပါတယ်။ “ဝန်ကြီးဌာနတွေရဲ့CIO တွေကိုလည်း ပြောပြီးသွားပြီ။ ပထမဆုံး content တွေကို ကျွန်တော်တို့က တင်ပေးပြီးတော့ နောက်ပိုင်း content တွေကိုတော့ ဝန်ကြီးဌာနတွေက တင်ပေးမှာဖြစ်ပါတယ်” လို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာနပြည်ထောင်စုဝန်ကြီးက ပြောပါတယ်။ ၂၀၁၈ ဇန်နဝါရီမှာ စတင်မိတ်ဆက်နိုင်ဖို့ မျော်မှန်းထားတယ်လို့ ဆိုပါတယ်။

လက်ရှိမှာ တည်ဆောက်မှုက ပြီးသလောက်ဖြစ်နေပြီလို့ သိရပါတယ်။ အဲဒီဝက်ဘ်ပေါ်တယ်က နေတစ်ဆင့် အများပြည်သူကို နည်းပညာဆိုင်ရာ ဝန်ဆောင်မှုတွေ ပေးသွားမယ်လို့ သိရပါတယ်။

-ထွန်းထွန်း