Nanyang Institute of Management ၏ MBA မဟာတန်းအတွက် ပညာသင်ဆုပေးအပ်မည်

Nanyang Institute of Management ရဲ့ MBA မဟာတန်းအတွက် ပညာသင်ဆု စင်ကာပူဒေါ်လာ ၆၅၀၀ ကိုပေးအပ်သွားမယ်လို့သိရပါတယ်။

အဆိုပါ ပညာသင်ဆုကို ဘွဲ့ရပြီးသူ မည်သူမဆို လျှောက်ထားနိုင်ပြီး စီးပွားရေးလောကထဲ ခြေလှမ်းစလိုသူများ ၊ ကိုယ်ပိုင်စီးပွားရေး လုပ်ကိုင်ရန် စီစဉ်နေသူများ၊ စီးပွားရေးနယ်ပယ်တွင် နည်းစနစ်မှန်ကန်စွာ ကျွမ်းကျင်သူ တစ်ယောက် ဖြစ်လိုသူများအတွက် ကျွမ်းကျင်အဆင့် ရောက်သည်အထိ လေ့ကျင့်သင်ကြားပေးတဲ့ MBA Program မှာ သင်ကြားရေးသီးသန့် မဟုတ်ဘဲ လက်တွေ့အသုံးချသူများအတွက် Professional ဘွဲ့တစ်ခု ဖြစ်တယ်လို့ သိရပါတယ်။

UNIVERSITY OF THE WEST OF SCOTLAND (UK) မှ ပေးအပ်တဲ့ မဟာဘွဲ့ဒီဂရီကို ပေးအပ်သွားမှာဖြစ်ပြီး တက်ရောက်မယ့်သူတွေ အနေနဲ့ ပညာသင်ဆု SGD 6500 (မြန်မာငွေ ပျှမ်းမျှ သိန်း ၇၀ ခန့်) ကို နိုဝင်ဘာလ ကျောင်းဖွင့်ချိန်အတွက် စင်ကာပူနိုင်ငံရဲ့ Private Education Institute တစ်ခု ဖြစ်သော Nanyang Institute of Singapore (NIM) မှ ပေးအပ်သွားမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံ၏ အစိုးရနဲ့ပုဂ္ဂလိကတက္ကသိုလ်များမှ ဘွဲ့ရပြီးသူများ (မည့်သည့်ဘွဲ့မဆို) ၊ နိုင်ငံခြား ကျောင်းများမှ ဘွဲ့ရပြီးသူများနဲ့ စီးပွားရေးနဲ့ ဆက်နွယ်တဲ့ လုပ်ငန်းအတွေ့အကြုံရှိသူတွေ အနေနဲ့ အောက်တိုဘာ ၁၀ ရက် နောက်ဆုံးထားကာ MSI YANGON နဲ့ MSI MANDALAY ရုံးခန်း နှစ်ခုစလုံးမှာ လာရောက်လျှောက်ထားနိုင်ပြီး သတ်မှတ်ထားတဲ့ရက်အတွင်း လာရောက် ကျောင်းလျှောက်သူတွေကို MSI မှ ကျန်းမာရေး ဆေးစစ်ဆေးမှု အခမဲ့ ပြုလုပ်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

MBA Program တွင် Integration of Business Functions, Leading Change, Business Creativity, New Venture Creation, Analytical Thinking and Decision Making, Managing Organizational Health, Influencing Organizational Strategy, Creativity and Business Wealthy, Strategic Business Project ဘာသာရပ်တွေကို သင်ကြားပေးသွားမှာဖြစ်ပါတယ်။ ပညာသင်ဆု လျှောက်ထားလိုသူတွေအနေနဲ့ MSI ပညာရေးဝန်ဆောင်မှု ရန်ကုန် ရုံး၊ ဖုန်း – ၀၁-၃၈၁၄၀၈၊ ၀၉၅၁၀၃၉၁၅၊ ၀၉၄၂၀၀၃၇၆၁၆ နဲ့ မန္တလေးရုံး ဖုန်း – ၀၉၄၄၄၄၄၃၉၁၆ နဲ့ ၀၉၄၀၅၁၇၅၄၉ ကို ဆက်သွယ်မေးမြန်း လျှောက်ထားနိုင်ပါတယ်။

-သန္တာ