Nangyang Institute of Management (NIM Singapore) ပညာသင်ထောက်ပံ့ကြေးများနှင့် ကျောင်းဝင်ကြေး ၅၀ ရာခိုင်နှုန်း ကင်းလွတ်ခွင့်များ ပေးအပ်မည်

Nangyang Institute of Management (NIM Singapore) ရဲ့ စက်တင်ဘာ နဲ့အောက်တိုဘာ ကျောင်းဖွင့်ချိန် များအတွက် ပညာသင်ထောက်ပံ့ကြေးတွေနဲ့ ကျောင်းဝင်ကြေး ၅၀ ရာခိုင်နှုန်း ကင်းလွတ်ခွင့်များ ပေးအပ်မယ်လို့ သိရပါတယ်။

MSI Overseas Education မှ ကျောင်းလျှောက်ထားသူတိုင်းကို ပေးအပ်သွားမယ့် ကျောင်းဝင်ကြေး စင်ကာပူဒေါ်လာ ၄၂၈ ထဲမှ ၅၀ ရာခိုင်နှုန်း လျှော့ပေးသွားမှာဖြစ်ပြီး Program အလိုက် ပညာသင်ထောက်ပံ့ကြေးများလည်း ပေးအပ်သွားမှာပါ။ Bachelor of Arts (Hons) in Business Management and Finance အတွက် ပညာသင်ထောက်ပံ့ကြေး ပမာဏ စင်ကာပူဒေါ်လာ ၄၀၀၀၊ Postgraduate Diploma in Hospitality Management / Engineering Management) အတွက် ပညာသင်ထောက်ပံ့ကြေး ပမာဏ စင်ကာပူဒေါ်လာ ၃၀၀၀ ၊ Master of Business Administration (MBA) အတွက် စင်ကာပူဒေါ်လာ ၆၅၀၀ ၊ Advanced Diploma Programmes အားလုံးအတွက် စင်ကာပူဒေါ်လာ ၃၀၀၀ ၊ Diploma in Construction Engineering အတွက် စင်ကာပူဒေါ်လာ ၂၀၀၀ အသီးသီး ပေးအပ်သွားမှာဖြစ်ပြီး မိမိရွေးချယ်ထားသော သက်ဆိုင်ရာ Program ၏ ကျောင်းလခထဲမှ ၎င်းပညာသင် ထောက်ပံ့ကြေးတွေကို လျှော့ပေးသွားမှာ ဖြစ်ပါတယ်။

ပညာသင်ထောက်ပံ့ကြေး လျှောက်ထားလိုသူတွေအနေနဲ့ MSI ပညာရေးဝန်ဆောင်မှု ဖုန်း-၀၉၅၁၀၃၉၁၅ နဲ့ ၀၉၄၂၀၀၃၇၆၁၆ ကို ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်။

-သန္တာ

»»» အင်တာနက်ဂျာနယ်ကနေ တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့စိတ်၀င်စားဖွယ်ရာ အ‌ကြောင်းအရာတွေကို နေ့စဉ် ည(၇) နာရီအချိန်မှာ ဒီဂျစ်တယ်ဗားရှင်း သတင်းစာစောင်လေးအနေနဲ့ ဒီနေရာကနေ ရယူဖတ်ရှုနိုင်မယ့် IJ Mini Newspaper «««