Mytel ေငြျဖည့္ကတ္မ်ား ဝယ္မရသည့္ အခက္အခဲ ေျဖရွင္းေနဟုဆို

ေစ်းကြက္အတြင္းမွာ Mytel ေငြျဖည့္ကတ္ေတြကို အလြယ္တကူ ဝယ္လို႔မရတဲ့ အခက္အခဲကို ေျပလည္ေအာင္ ေျဖရွင္းေနေၾကာင္း Mytel ရဲ႕ ျပင္ပဆက္ဆံေရး အရာရွိခ်ဳပ္ ဦးေဇာ္မင္းဦးက ေျပာပါတယ္။

ေငြျဖည့္ကတ္ေတြရဲ႕ မူလျဖန္႔ခ်ိေရးကို ၿမိဳ႕နယ္တိုင္းမွာ ျဖန္႔ခ်ိေရးစင္တာေတြကေနတစ္ဆင့္ ျဖန္႔တာျဖစ္ေၾကာင္း၊ ခဲျခစ္ေငြျဖည့္ကတ္ေတြကို အလြယ္တကူ ဝယ္လို႔မရတာမ်ိဳးအတြက္ ေနာက္ပိုင္း e-Load ကတ္ေတြကုိလည္း ေဆာင္ရြက္သြားမွာ ျဖစ္ေၾကာင္း ေျပာပါတယ္။ “ ပြင့္ပြင့္လင္းလင္း ေျပာရရင္ေတာ့ ထိန္းၿပီးျဖန္႔တာျဖစ္ပါတယ္၊ တစ္ခ်ိဳ႕ေနရာမွာ အသံုးျပဳသူမ်ားၿပီး ေစ်းကြက္ျပတ္လပ္တာမ်ိဳး ေတြရွိတယ္။ ကြ်န္ေတာ္တို႔က Top up ကို ထိန္းလုပ္ေနရတာျဖစ္ပါတယ္။ တစ္ခ်ိဳ႕ေနရာေတြက်ေတာ့ ခဲျခစ္ top up ေတြအခက္အခဲျဖစ္ေန တယ္ဆိုရင္ e-load လိုမ်ိဳးမၾကာခင္လာပါလိမ့္မယ္၊ လုပ္ငန္း အခ်ိဳ႕နဲ႔ညွိႏိႈင္းေနပါတယ္၊ ေျပလည္ ေအာင္လုပ္ေနပါတယ္” လို႔ေျပာပါတယ္။

Mytel SIM ကတ္စတင္ သံုးစြဲမယ့္သူေတြအတြက္ ၁၅၀၀ MB နဲ႔ မိနစ္ ၁၅၀ ရရွိမယ့္ အစမ္းသံုး အစီအစဥ္ကိုလည္း ပထမ ၃ လမွာ အသံုးျပဳႏိုင္မယ္လို႔ သိရပါတယ္။ အသံုးျပဳသူေတြအေနနဲ႔ Mytel (မိုက္တယ္) package နဲ႔ ပထမတစ္လအတြင္း ၄၀၀၀ က်ပ္နဲ႔ အင္တာနက္ 5 GB ၊ မိနစ္ ၂၅၀ ရရွိႏိုင္မွာျဖစ္ေၾကာင္း၊ သံုးသေလာက္ ေပးအစီအစဥ္အျဖစ္ ၄၀ ရာခိုင္ႏႈန္းသက္သာေစၿပီး ၁ MB ကို ၅ က်ပ္၊ ၁ မိနစ္ ၁၀ က်ပ္ႏႈန္းနဲ႔ သံုးႏိုင္မွာျဖစ္ေၾကာင္း သိရပါတယ္။

-ထြန္းထြန္း

စျေးကွက်အတွင်းမှာ Mytel ငွေဖြည့်ကတ်တွေကို အလွယ်တကူ ဝယ်လို့မရတဲ့ အခက်အခဲကို ပြေလည်အောင် ဖြေရှင်းနေကြောင်း Mytel ရဲ့ ပြင်ပဆက်ဆံရေး အရာရှိချုပ် ဦးဇော်မင်းဦးက ပြောပါတယ်။

ငွေဖြည့်ကတ်တွေရဲ့ မူလဖြန့်ချိရေးကို မြို့နယ်တိုင်းမှာ ဖြန့်ချိရေးစင်တာတွေကနေတစ်ဆင့် ဖြန့်တာဖြစ်ကြောင်း၊ ခဲခြစ်ငွေဖြည့်ကတ်တွေကို အလွယ်တကူ ဝယ်လို့မရတာမျိုးအတွက် နောက်ပိုင်း e-Load ကတ်တွေကိုလည်း ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ပြောပါတယ်။ “ ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ ထိန်းပြီးဖြန့်တာဖြစ်ပါတယ်၊ တစ်ချို့နေရာမှာ အသုံးပြုသူများပြီး စျေးကွက်ပြတ်လပ်တာမျိုး တွေရှိတယ်။ ကျွန်တော်တို့က Top up ကို ထိန်းလုပ်နေရတာဖြစ်ပါတယ်။ တစ်ချို့နေရာတွေကျတော့ ခဲခြစ် top up တွေအခက်အခဲဖြစ်နေ တယ်ဆိုရင် e-load လိုမျိုးမကြာခင်လာပါလိမ့်မယ်၊ လုပ်ငန်း အချို့နဲ့ညှိနှိုင်းနေပါတယ်၊ ပြေလည် အောင်လုပ်နေပါတယ်” လို့ပြောပါတယ်။

Mytel SIM ကတ်စတင် သုံးစွဲမယ့်သူတွေအတွက် ၁၅၀၀ MB နဲ့ မိနစ် ၁၅၀ ရရှိမယ့် အစမ်းသုံး အစီအစဉ်ကိုလည်း ပထမ ၃ လမှာ အသုံးပြုနိုင်မယ်လို့ သိရပါတယ်။ အသုံးပြုသူတွေအနေနဲ့ Mytel (မိုက်တယ်) package နဲ့ ပထမတစ်လအတွင်း ၄၀၀၀ ကျပ်နဲ့ အင်တာနက် 5 GB ၊ မိနစ် ၂၅၀ ရရှိနိုင်မှာဖြစ်ကြောင်း၊ သုံးသလောက် ပေးအစီအစဉ်အဖြစ် ၄၀ ရာခိုင်နှုန်းသက်သာစေပြီး ၁ MB ကို ၅ ကျပ်၊ ၁ မိနစ် ၁၀ ကျပ်နှုန်းနဲ့ သုံးနိုင်မှာဖြစ်ကြောင်း သိရပါတယ်။

-ထွန်းထွန်း