Mytel နှင့် Skynet ပူးပေါင်း၍ ရုပ်သံလိုင်း မပြတ်တောက်ရေး ဆောင်ရွက်နေဟုဆို




-ထွန်းထွန်း

[ Unicode ]

Skynet ရုပ်သံလိုင်းပြတ်တောက်မှု မရှိစေရေး Mytel နဲ့ ပူးပေါင်းဆောင်ရွက်နေကြောင်း သိရပါတယ်။

ကေဘယ်လ်ရုပ်မြင်သံကြားနဲ့ application တွေကိုပံ့ပိုးပေးဖို့လုပ်ဆောင်နေကြာင်း၊ ဒီလို လက်တွဲပူးပေါင်းမှုကြောင့် Skynet အနေနဲ့ ရာသီဥတုကြောင့်ဖြစ်ပေါ်နိုင်တဲ့ ဝန်ဆောင်မှုပြတ်တောက်မှုတွေ အရည်အသွေးနိမ့်ကျမှုတွေ စတဲ့အဆင်မပြေမှုတွေကို တားဆီးနိုင် မှာဖြစ်ကြောင်း MyTel ရဲ့မိတ်ဆက်ပွဲ အခမ်းအနားကနေ သိရပါတယ်။

“လိုင်းတွေဆိုရင် လမ်းဟိုဘက်ခြမ်း ဒီဘက်ခြမ်းတိုက် ကွယ်နေတဲ့ဖက်တွေဆိုရင် လိုင်းမရ ရှိတာမျိုးရှိရင် ဒီနည်းပညာနဲ့ ကျော်ဖြတ်လို့ရပါတယ်” လို့ တာဝန်ရှိသူ တစ်ဦးဖြစ်တဲ့ ဦးတင့်လွင်က MyTel ရဲ့ Presentation ဗီဒီယိုဖိုင်မှာ ပြောကြားထားပါတယ်။ ကွန်ရက်မမိတဲ့ နေရာတွေကို ဖိုင်ဘာတွေနဲ့ ပေးမှာဖြစ်ကြောင်း၊ ဖိုင်ဘာနည်းပညာကို သုံးပြီးတော့ High Speed သုံးလို့ရှိရင် ကြည့်ရတဲ့ ရုပ်အရည်အသွေး အရမ်းကွာသွားမှာ ဖြစ်ကြောင်းဆိုပါတယ်။

-ထွန်းထွန်း