Mytel ၏ Spectrum တိုးခ်ဲ႔မည္

[ Zawgyi ]

အင္တာနက္လိုင္းမ်ား ျမန္ဆန္ေစရန္နဲ႔ ဖုန္းေခၚေျပာဆိုမႈေတြ ပိုမိုေခ်ာေမြ႕ အဆင္ေျပေစရန္အတြက္ Mytel က Spectrum ထပ္မံတိုးခ်ဲ႔ သြားမယ္လို႔ သိရပါတယ္။

“ Customer အေနနဲ႔ မွန္းထားတာထက္ ပိုေရာက္လာတာလည္း ပါတယ္၊ လြန္ခဲ့တဲ့ ႏွစ္ပတ္ေက်ာ္က အင္တာနက္သံုးရတာ အဆင္မေျပတာမ်ဳိး ျဖစ္သြားတယ္၊ ဒါေတြကိုလဲ လိုက္ရွင္းေနရတယ္၊ ေတာ္ေတာ္မ်ားမ်ားလဲ ေျဖရွင္းခဲ့ၿပီးပါၿပီ၊ အခုဆိုရင္ mytel အေနနဲ႕ 2100 frequency မွာ 10MHz နဲ႕ သံုးေနၿပီး Optional အေနနဲ႕ 2100 frequency ထဲမွာပဲ 5MHz တစ္ခု ထပ္တိုးခ်ဲ႔ထားဖို႔ လုပ္ေနပါတယ္၊ Spectrum မ်ားလာေတာ့ ပိုေကာင္းလာမယ္၊ ပိုျမန္လာမယ္ အင္တာနက္ ေနွးတဲ့ေနရာေတြလည္း ေကာင္းလာမွာေပါ့” လို႔ mytel ရဲ႕ ျပင္ပဆက္ဆံေရး အရာရွိခ်ဳပ္ ဦးေဇာ္မင္းဦးက အင္တာနက္ဂ်ာနယ္ကို ေျဖၾကားပါတယ္။

mytel အေနနဲ႔ ယခင္က Spectrum လိုင္းေတြကို 900 frequency မွာ 15MHz, 2100 frequency မွာ 10MHz , 1800 frequency မွာ 15MHz ဆိုၿပီး Spectrum သံုးခု လုပ္ပိုင္ခြင့္ ရယူထားၿပီးျဖစ္ေၾကာင္း၊ လက္ရွိ 2100 frequency မွာ Optional အေနနဲ႔ 5MHz ရမွာျဖစ္လို႔ Spectrum ေလးခု လုပ္ပိုင္ခြင့္ ရယူထားၿပီး ျဖစ္ေၾကာင္း သိရပါတယ္။

-ေက်ာ္ေဇယ်

[ Unicode ]

အင်တာနက်လိုင်းများ မြန်ဆန်စေရန်နဲ့ ဖုန်းခေါ်ပြောဆိုမှုတွေ ပိုမိုချောမွေ့ အဆင်ပြေစေရန်အတွက် Mytel က Spectrum ထပ်မံတိုးချဲ့ သွားမယ်လို့ သိရပါတယ်။

“ Customer အနေနဲ့ မှန်းထားတာထက် ပိုရောက်လာတာလည်း ပါတယ်၊ လွန်ခဲ့တဲ့ နှစ်ပတ်ကျော်က အင်တာနက်သုံးရတာ အဆင်မပြေတာမျိုး ဖြစ်သွားတယ်၊ ဒါတွေကိုလဲ လိုက်ရှင်းနေရတယ်၊ တော်တော်များများလဲ ဖြေရှင်းခဲ့ပြီးပါပြီ၊ အခုဆိုရင် mytel အနေနဲ့ 2100 frequency မှာ 10MHz နဲ့ သုံးနေပြီး Optional အနေနဲ့ 2100 frequency ထဲမှာပဲ 5MHz တစ်ခု ထပ်တိုးချဲ့ထားဖို့ လုပ်နေပါတယ်၊ Spectrum များလာတော့ ပိုကောင်းလာမယ်၊ ပိုမြန်လာမယ် အင်တာနက် နှေးတဲ့နေရာတွေလည်း ကောင်းလာမှာပေါ့” လို့ mytel ရဲ့ ပြင်ပဆက်ဆံရေး အရာရှိချုပ် ဦးဇော်မင်းဦးက အင်တာနက်ဂျာနယ်ကို ဖြေကြားပါတယ်။

mytel အနေနဲ့ ယခင်က Spectrum လိုင်းတွေကို 900 frequency မှာ 15MHz, 2100 frequency မှာ 10MHz , 1800 frequency မှာ 15MHz ဆိုပြီး Spectrum သုံးခု လုပ်ပိုင်ခွင့် ရယူထားပြီးဖြစ်ကြောင်း၊ လက်ရှိ 2100 frequency မှာ Optional အနေနဲ့ 5MHz ရမှာဖြစ်လို့ Spectrum လေးခု လုပ်ပိုင်ခွင့် ရယူထားပြီး ဖြစ်ကြောင်း သိရပါတယ်။

-ကျော်ဇေယျ