Mytel ၏ အင္တာနက္ တပ္ဆင္ေပးျခင္းႏွင့္ လႊဲေျပာင္းေပးအပ္ပြဲ အခမ္းအနားက်င္းပ

[ Zawgyi ]

အင္တာနက္တပ္ဆင္ေပးျခင္းႏွင့္ လႊဲေျပာင္းေပးအပ္ပြဲ “ အင္တာနက္ ေက်ာင္းေတာ္ အခမ္းအနား” ကို ဇူလိုင္လ ၂၆ ရက္ေန႔ မြန္းလြဲပိုင္းက ေနျပည္ေတာ္ ပုပၸသီရိၿမိဳ႕ အမွတ္၁၀၉ အေျခခံမူလလြန္ေက်ာင္း ေအာင္သာယာမွာ က်င္းပခဲ့ပါတယ္။

ဒစ္ဂ်စ္တယ္ပညာေရးကို ေထာက္ပံ့ေပးျခင္းအားျဖင့္ ေက်ာင္းသား/သူေတြ သာမကဆရာ ဆရာမေတြအေနနဲ႔ပါ ႏိုင္ငံတကာအဆင့္မီ ဗဟုသုတေတြနဲ႔ ထိေတြ႕ခြင့္ရၿပီးေတာ့ ပံုမွန္သင္ၾကားပို႔ခ်ေနတဲ့ သင္႐ိုးေတြကို ဒစ္ဂ်စ္တယ္လမ္းေၾကာင္း ေပၚ ေရာက္လာႏိုင္ေအာင္ တျဖည္းျဖည္း လုပ္ေဆာင္လာေစဖို႔ ရည္ရြယ္ေၾကာင္း Mytel ရဲ႕ ျပင္ပဆက္ဆံေရးအရာရွိခ်ဴပ္ ဦးေဇာ္မင္းဦးက ေျပာပါတယ္။ ကရင္ျပည္နယ္၊ ေနျပည္ေတာ္၊ ပဲခူး၊ ရခိုင္ျပည္နယ္၊ ရန္ကုန္တိုင္း၊ ရွမ္းျပည္နယ္၊ တနသၤာရီတိုင္းႏွင့္ ဧရာဝတီိတိုင္းရွိ ေက်ာင္းေပါင္း ၁၃ ေက်ာင္းမွာ အခမဲ့ အင္တာနက္ တပ္ဆင္ေပးထားၿပီျဖစ္တယ္လို႔ သိရပါတယ္။

၂၀၁၈ ခုႏွစ္အကုန္ပိုင္းမွာ အစိုးရနဲ႔ ပုဂၢလိကပိုင္းေက်ာင္းမ်ား၊ ဘုန္းေတာ္ႀက္ိးစာသင္ေက်ာင္းႏွင့္ ပရဟိတ ပညာေက်ာင္းစသည္တို႔ကို ေထာက္ပံ့သြားရန္ စီစဥ္ေဆာင္ရြက္ေနေၾကာင္းလည္း ဆိုပါတယ္။ ထို႔အျပင္ စာသင္ေက်ာင္းမ်ားမွာ အခမဲ့အင္တာနက္ ေထာက္ပံ့ေပးတဲ့အျပင္ IT စာသင္ခန္းမ်ား ျဖစ္ေပၚလာေစရန္ သင္ေထာက္ကူ ကြန္ပ်ဴတာေတြနဲ႔ ဆက္စပ္ပစၥည္းမ်ားကိုလဲ ပံ့ပိုးေပးသြားမွာ ျဖစ္ေၾကာင္း သိရပါတယ္။

-ေက်ာ္ေဇယ်

[ Unicode ]

အင်တာနက်တပ်ဆင်ပေးခြင်းနှင့် လွှဲပြောင်းပေးအပ်ပွဲ “ အင်တာနက် ကျောင်းတော် အခမ်းအနား” ကို ဇူလိုင်လ ၂၆ ရက်နေ့ မွန်းလွဲပိုင်းက နေပြည်တော် ပုပ္ပသီရိမြို့ အမှတ်၁၀၉ အခြေခံမူလလွန်ကျောင်း အောင်သာယာမှာ ကျင်းပခဲ့ပါတယ်။

ဒစ်ဂျစ်တယ်ပညာရေးကို ထောက်ပံ့ပေးခြင်းအားဖြင့် ကျောင်းသား/သူတွေ သာမကဆရာ ဆရာမတွေအနေနဲ့ပါ နိုင်ငံတကာအဆင့်မီ ဗဟုသုတတွေနဲ့ ထိတွေ့ခွင့်ရပြီးတော့ ပုံမှန်သင်ကြားပို့ချနေတဲ့ သင်ရိုးတွေကို ဒစ်ဂျစ်တယ်လမ်းကြောင်း ပေါ် ရောက်လာနိုင်အောင် တဖြည်းဖြည်း လုပ်ဆောင်လာစေဖို့ ရည်ရွယ်ကြောင်း Mytel ရဲ့ ပြင်ပဆက်ဆံရေးအရာရှိချူပ် ဦးဇော်မင်းဦးက ပြောပါတယ်။ ကရင်ပြည်နယ်၊ နေပြည်တော်၊ ပဲခူး၊ ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်း၊ ရှမ်းပြည်နယ်၊ တနင်္သာရီတိုင်းနှင့် ဧရာဝတီိတိုင်းရှိ ကျောင်းပေါင်း ၁၃ ကျောင်းမှာ အခမဲ့ အင်တာနက် တပ်ဆင်ပေးထားပြီဖြစ်တယ်လို့ သိရပါတယ်။

၂၀၁၈ ခုနှစ်အကုန်ပိုင်းမှာ အစိုးရနဲ့ ပုဂ္ဂလိကပိုင်းကျောင်းများ၊ ဘုန်းတော်ကြ်ိးစာသင်ကျောင်းနှင့် ပရဟိတ ပညာကျောင်းစသည်တို့ကို ထောက်ပံ့သွားရန် စီစဉ်ဆောင်ရွက်နေကြောင်းလည်း ဆိုပါတယ်။ ထို့အပြင် စာသင်ကျောင်းများမှာ အခမဲ့အင်တာနက် ထောက်ပံ့ပေးတဲ့အပြင် IT စာသင်ခန်းများ ဖြစ်ပေါ်လာစေရန် သင်ထောက်ကူ ကွန်ပျူတာတွေနဲ့ ဆက်စပ်ပစ္စည်းများကိုလဲ ပံ့ပိုးပေးသွားမှာ ဖြစ်ကြောင်း သိရပါတယ်။

-ကျော်ဇေယျ