MyTel ၏ ဝန္ေဆာင္မႈ တစ္ႏိုင္ငံလံုးသို႔ေပးအပ္ျခင္း စတင္မည္

[ Zawgyi ]

စတုတၳေျမာက္ေအာ္ပေရတာျဖစ္တဲ့ MyTel အေနနဲ႔ တစ္ႏိုင္ငံလံုးကို ဝန္ေဆာင္မႈေပးဖို႔စ တင္လိုက္တယ္လို႔ သိရပါတယ္။

ျပည္နယ္နဲ႔ တိုင္းေဒသႀကီးအခ်ိဳ႕မွာ စတင္ဝန္ေဆာင္မႈေပးရာကေန အခုအခါ ေနရာအႏွံ႔ကို ေပးေတာ့မွာျဖစ္ေၾကာင္း၊ တစ္ႏိုင္ငံလံုး အတိုင္းအတာနဲ႔ေပးမယ့္ ထုတ္ကုန္နဲ႔ ဝန္ေဆာင္မႈေတြကို တရားဝင္အသိေပး ေၾကညာသြားမယ့္အခမ္းအနားကို ဇြန္လ ၉ ရက္မွာ ေဆာင္ရြက္မွာျဖစ္ေၾကာင္း သိရပါတယ္။ MyTel အေနနဲ႔ ေနျပည္ေတာ္၊ ပဲခူးတိုင္း အေရွ႕ပိုင္းနဲ႔ ကရင္ျပည္နယ္ အပါအဝင္ ေနရာအခ်ိဳ႕မွာ စတင္ဝန္ေဆာင္မႈေပးခဲ့ ၿပီး အခုအခါမွာေတာ့ တစ္ႏိုင္ငံလံုး အတိုင္းအတာအတြက္ ဝန္ေဆာင္မႈေပးျခင္း ေဆာင္ရြက္မွာ ျဖစ္ပါတယ္။

MyTel ဖုန္းအခ်င္းခ်င္းေခၚဆိုခ တစ္မိနစ္ကို ၁၀ က်ပ္၊ Mytel ကေန အျခားဖုန္းကိုေခၚဆိုခ တစ္မိနစ္ကို၂၃ က်ပ္၊ SMS တစ္ေစာင္ ၁၀ က်ပ္နဲ႔ ေရာင္းခ်တာျဖစ္ပါတယ္။ တိုင္းေဒသႀကီးနဲ႔ ျပည္နယ္ ၁၅ ခုမွာ ႐ံုးခြဲေပါင္း ၁၈ ခုထားရွိမယ္လို႔ သတင္းထုတ္ျပန္ခဲ့ပါတယ္။ အဲဒီ႐ံုးခြဲေတြကေန ဝန္ေဆာင္မႈေပးမွာျဖစ္ေၾကာင္း၊ ကြန္ရက္လႊမ္းၿခံဳမႈ ဧရိယာအေနနဲ႔ အသံေခၚဆိုမႈမွာ ျမန္မာလူဦးေရရဲ႕ ၉၂ ရာခိုင္ႏႈန္း၊ ေဒတာအေနနဲ႔ ျမန္မာလူဦးေရရဲ႕ ၇၈ ရာခိုင္ႏႈန္းကို လႊမ္းၿခံဳ ႏိုင္မယ္လို႔ ဆိုပါတယ္။ လက္ရွိအခ်ိန္မွာ ျမန္မာ့ဆက္သြယ္ေရးနဲ႔ အိုင္တီနည္းပညာ နယ္ပယ္အတြက္ အေမရိကန္ေဒၚလာ ၂ ဘီလီယံ ရင္းႏွီးျမႇဳပ္ႏွံထားတယ္လို႔ ဆိုပါတယ္။

-ထြန္းထြန္း

==========

[ Unicode ]

MyTel ၏ ဝန်ဆောင်မှု တစ်နိုင်ငံလုံးသို့ပေးအပ်ခြင်း စတင်မည်

==========

စတုတ္ထမြောက်အော်ပရေတာဖြစ်တဲ့ MyTel အနေနဲ့ တစ်နိုင်ငံလုံးကို ဝန်ဆောင်မှုပေးဖို့စ တင်လိုက်တယ်လို့ သိရပါတယ်။

ပြည်နယ်နဲ့ တိုင်းဒေသကြီးအချို့မှာ စတင်ဝန်ဆောင်မှုပေးရာကနေ အခုအခါ နေရာအနှံ့ကို ပေးတော့မှာဖြစ်ကြောင်း၊ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ပေးမယ့် ထုတ်ကုန်နဲ့ ဝန်ဆောင်မှုတွေကို တရားဝင်အသိပေး ကြေညာသွားမယ့်အခမ်းအနားကို ဇွန်လ ၉ ရက်မှာ ဆောင်ရွက်မှာဖြစ်ကြောင်း သိရပါတယ်။ MyTel အနေနဲ့ နေပြည်တော်၊ ပဲခူးတိုင်း အရှေ့ပိုင်းနဲ့ ကရင်ပြည်နယ် အပါအဝင် နေရာအချို့မှာ စတင်ဝန်ဆောင်မှုပေးခဲ့ ပြီး အခုအခါမှာတော့ တစ်နိုင်ငံလုံး အတိုင်းအတာအတွက် ဝန်ဆောင်မှုပေးခြင်း ဆောင်ရွက်မှာ ဖြစ်ပါတယ်။

MyTel ဖုန်းအချင်းချင်းခေါ်ဆိုခ တစ်မိနစ်ကို ၁၀ ကျပ်၊ Mytel ကနေ အခြားဖုန်းကိုခေါ်ဆိုခ တစ်မိနစ်ကို၂၃ ကျပ်၊ SMS တစ်စောင် ၁၀ ကျပ်နဲ့ ရောင်းချတာဖြစ်ပါတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ် ၁၅ ခုမှာ ရုံးခွဲပေါင်း ၁၈ ခုထားရှိမယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။ အဲဒီရုံးခွဲတွေကနေ ဝန်ဆောင်မှုပေးမှာဖြစ်ကြောင်း၊ ကွန်ရက်လွှမ်းခြုံမှု ဧရိယာအနေနဲ့ အသံခေါ်ဆိုမှုမှာ မြန်မာလူဦးရေရဲ့ ၉၂ ရာခိုင်နှုန်း၊ ဒေတာအနေနဲ့ မြန်မာလူဦးရေရဲ့ ရ၈ ရာခိုင်နှုန်းကို လွှမ်းခြံု နိုင်မယ်လို့ ဆိုပါတယ်။ လက်ရှိအချိန်မှာ မြန်မာ့ဆက်သွယ်ရေးနဲ့ အိုင်တီနည်းပညာ နယ်ပယ်အတွက် အမေရိကန်ဒေါ်လာ ၂ ဘီလီယံ ရင်းနှီးမြှုပ်နှံထားတယ်လို့ ဆိုပါတယ်။

-ထွန်းထွန်း