Mytel အေရာင္းဆိုင္ေပါင္း ငါးေသာင္းထားရွိ

[ Zawgyi ]

Mytel ဆင္းမ္ကတ္ေတြေရာင္းခ်မယ့္ အေရာင္းဆိုင္ေပါင္း ငါးေသာင္းရွိတယ္လို႔ သိရပါတယ္။

ဆင္းမ္ကတ္နဲ႔ ေငြျဖည့္ကတ္ေရာင္းခ်မယ့္ အေရာင္းဆိုင္ေတြကို ႏိုင္ငံတစ္ဝန္းထားရွိၿပီး အမွတ္တံဆိပ္ အေရာင္းဆိုင္ေပါင္း ၅၀၊ တစ္ဆင့္ အေရာင္းဆိုင္ေပါင္း ၅၀၀၀၀ ထားရွိၿပီးျဖစ္တယ္လို႔ သတင္းထုတ္ျပန္ခဲ့ပါတယ္။ ေနျပည္ေတာ္၊ ကရင္ျပည္နယ္နဲ႔ ပဲခူးတိုင္း အေရွ႕ ပိုင္းေဒသေတြမွာ မတ္လ ၁၅ ရက္မွာ ဝန္ေဆာင္မႈေတြ စတင္ခဲ့ၿပီး အခုအခါတစ္ႏိုင္ငံလံုး အတိုင္းအတာ အသံုးျပဳႏိုင္ၿပီ ျဖစ္တယ္လို႔ သိရပါတယ္။ ဖိုင္ဘာေကဘယ္ ကီလိုမီတာ ၃၀၀၀၀ တပ္ဆင္ႏိုင္ခဲ့ၿပီး ျမန္မာတစ္ႏိုင္ငံလံုးရွိ ဖိုင္ဘာ optic အေျခခံအေဆာက္ အဦတပ္ဆင္မႈ အားလံုးရဲ႕ ၅၀ ရာခိုင္ႏႈန္းခန္႔ကို ပံ့ပိုးေပးႏိုင္တယ္လို႔ မိတ္ဆက္တဲ့ အခမ္းအနားကေန သိရပါတယ္။ Mytel ရဲ႕ ကြန္ရက္စုစုေပါင္းဟာ ျမန္မာႏိုင္ငံ လူဦးေရရဲ႕ ၈၀ ရာခိုင္ႏႈန္းခန႔္၊ ၿမိဳ႕နယ္ေပါင္း ၃၀၀ ေက်ာ္ကို လႊမ္းၿခံဳႏိုင္မယ္လို႔ သိရပါတယ္။

အသံုးျပဳသူေတြအေနနဲ႔ Mytel (မိုက္တယ္) package နဲ႔ ပထမတစ္လအတြင္း ၄၀၀၀ က်ပ္နဲ႔ အင္တာနက္ 5 GB ၊ မိနစ္ ၂၅၀ ရရွိႏိုင္မွာျဖစ္ေၾကာင္း၊ သံုးသေလာက္ ေပးအစီအစဥ္အျဖစ္ ၄၀ ရာခိုင္ႏႈန္းသက္သာေစၿပီး ၁ MB ကို ၅ က်ပ္၊ ၁ မိနစ္ ၁၀ က်ပ္ႏႈန္းနဲ႔ သံုးႏိုင္မွာျဖစ္ေၾကာင္း သိရပါတယ္။ Mytel SIM ကတ္စတင္ သံုးစြဲမယ့္သူေတြအတြက္ ၁၅၀၀ MB နဲ႔ မိနစ္ ၁၅၀ ရရွိမယ့္ အစမ္းသံုး အစီအစဥ္ကိုလည္း ပထမ ၃ လမွာ အသံုးျပဳႏိုင္မယ္လို႔ သိရပါတယ္။

-ထြန္းထြန္း

[ Unicode ]

Mytel ဆင်းမ်ကတ်တွေရောင်းချမယ့် အရောင်းဆိုင်ပေါင်း ငါးသောင်းရှိတယ်လို့ သိရပါတယ်။

ဆင်းမ်ကတ်နဲ့ ငွေဖြည့်ကတ်ရောင်းချမယ့် အရောင်းဆိုင်တွေကို နိုင်ငံတစ်ဝန်းထားရှိပြီး အမှတ်တံဆိပ် အရောင်းဆိုင်ပေါင်း ၅၀၊ တစ်ဆင့် အရောင်းဆိုင်ပေါင်း ၅၀၀၀၀ ထားရှိပြီးဖြစ်တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။ နေပြည်တော်၊ ကရင်ပြည်နယ်နဲ့ ပဲခူးတိုင်း အရှေ့ ပိုင်းဒေသတွေမှာ မတ်လ ၁၅ ရက်မှာ ဝန်ဆောင်မှုတွေ စတင်ခဲ့ပြီး အခုအခါတစ်နိုင်ငံလုံး အတိုင်းအတာ အသုံးပြုနိုင်ပြီ ဖြစ်တယ်လို့ သိရပါတယ်။ ဖိုင်ဘာကေဘယ် ကီလိုမီတာ ၃၀၀၀၀ တပ်ဆင်နိုင်ခဲ့ပြီး မြန်မာတစ်နိုင်ငံလုံးရှိ ဖိုင်ဘာ optic အခြေခံအဆောက် အဦတပ်ဆင်မှု အားလုံးရဲ့ ၅၀ ရာခိုင်နှုန်းခန့်ကို ပံ့ပိုးပေးနိုင်တယ်လို့ မိတ်ဆက်တဲ့ အခမ်းအနားကနေ သိရပါတယ်။ Mytel ရဲ့ ကွန်ရက်စုစုပေါင်းဟာ မြန်မာနိုင်ငံ လူဦးရေရဲ့ ၈၀ ရာခိုင်နှုန်းခန့်၊ မြို့နယ်ပေါင်း ၃၀၀ ကျော်ကို လွှမ်းခြုံနိုင်မယ်လို့ သိရပါတယ်။

အသုံးပြုသူတွေအနေနဲ့ Mytel (မိုက်တယ်) package နဲ့ ပထမတစ်လအတွင်း ၄၀၀၀ ကျပ်နဲ့ အင်တာနက် 5 GB ၊ မိနစ် ၂၅၀ ရရှိနိုင်မှာဖြစ်ကြောင်း၊ သုံးသလောက် ပေးအစီအစဉ်အဖြစ် ၄၀ ရာခိုင်နှုန်းသက်သာစေပြီး ၁ MB ကို ၅ ကျပ်၊ ၁ မိနစ် ၁၀ ကျပ်နှုန်းနဲ့ သုံးနိုင်မှာဖြစ်ကြောင်း သိရပါတယ်။ Mytel SIM ကတ်စတင် သုံးစွဲမယ့်သူတွေအတွက် ၁၅၀၀ MB နဲ့ မိနစ် ၁၅၀ ရရှိမယ့် အစမ်းသုံး အစီအစဉ်ကိုလည်း ပထမ ၃ လမှာ အသုံးပြုနိုင်မယ်လို့ သိရပါတယ်။

-ထွန်းထွန်း