Mytel အသံုးျပဳသူ တစ္သန္းေက်ာ္ရွိလာ

[ Zawgyi ]

စတုတၳေျမာက္ ေအာ္ပေရတာျဖစ္တဲ့ Mytel အသံုးျပဳသူ တစ္သန္းေက်ာ္ ရွိလာေၾကာင္း MyTel ရဲ႕ ျပင္ပဆက္သြယ္ေရး အရာရွိခ်ဳပ္ ဦးေဇာ္မင္းဦးကေျပာပါတယ္။

ေနျပည္ေတာ္၊ ကရင္ျပည္နယ္နဲ႔ ပဲခူးတိုင္း အေရွ႕ပိုင္းေဒသေတြမွာ မတ္လ ၁၅ ရက္မွာ ဝန္ေဆာင္မႈေတြ စတင္ခဲ့ၿပီး တစ္ႏိုင္ငံလံုး အတိုင္းအတာနဲ႔ေပးမယ့္ ထုတ္ကုန္နဲ႔ ဝန္ေဆာင္မႈေတြကို တရားဝင္အသိေပး ေၾကညာတဲ့ အခမ္းအနားကို ဇြန္လ ၉ ရက္မွာ ေဆာင္ရြက္ခဲ့ပါတယ္။ အဲဒီအခ်ိန္ကေန လက္ရွိအခ်ိန္အထိ အသံုးျပဳသူတစ္သန္း ေက်ာ္ရွိလာတာျဖစ္ပါတယ္။ “Mytel အသံုးျပဳသူ တစ္သန္းေက်ာ္ၿပီျဖစ္ပါတယ္၊ ကြ်န္ေတာ္ တို႔ေမွ်ာ္မွန္းထားသေလာက္ Network က အဆင္သင့္ေတာ့ မျဖစ္ေသးပါဘူး၊ ဒါေပမဲ့ ျဖစ္ေအာင္လုပ္ေနပါတယ္၊ BTS ေတြလိုပါေသးတယ္” လုိ႔ ဦးေဇာ္မင္းဦးကေျပာပါတယ္။

တစ္ခ်ိဳ႕ေနရာေတြမွာ အသံုးျပဳသူေတြက ထင္ထားတာထက္ မ်ားေနေၾကာင္း ဆက္လက္ေျပာၾကားပါတယ္။ “တစ္ခ်ိဳ႕ေနရာေတြမွာ အသံုးျပဳသူေတြက ကြ်န္ေတာ္တို႔ထင္ထားတာထက္ 4G Broadband ကိုသံုးတယ္၊ ေမွ်ာ္မွန္းထားတာက ဒီေနရာမွာ BTS တစ္ခုပဲဆိုရင္ တကယ့္တကယ္က သံုးတဲ့သူအရမ္းမ်ားေနတာမ်ိဳးရွိတယ္၊ ထပ္ထည့္ရတာရွိတယ္၊ တစ္ႏိုင္ငံလံုးမွာရွိတဲ့ တာဝါတိုင္ေပါင္း ၅၀၀၀ မွာ ၂၀၀ ေလာက္မွာက သံုးတဲ့သူ အရမ္းမ်ားေန တယ္” လို႔ဆိုပါတယ္။ ဖိုင္ဘာေကဘယ္ ကီလိုမီတာ ၃၀၀၀၀ တပ္ဆင္ႏိုင္ခဲ့ၿပီး ျမန္မာတစ္ႏိုင္ငံလံုးရွိ ဖိုင္ဘာ optic အေျခခံအေဆာက္အဦ တပ္ဆင္မႈ အားလံုးရဲ႕ ၅၀ ရာခိုင္ႏႈန္းခန္႔ကို ပံ့ပိုးေပးႏိုင္တယ္လို႔ မိတ္ဆက္တဲ့ အခမ္းအနားကေန သိရပါတယ္။ Mytel ရဲ႕ ကြန္ရက္စုစုေပါင္းဟာ ျမန္မာႏိုင္ငံ လူဦးေရရဲ႕ ၈၀ ရာခိုင္ႏႈန္းခန္႔ ၿမိဳ႕နယ္ေပါင္း ၃၀၀ ေက်ာ္ကို လႊမ္းၿခံဳႏိုင္မယ္လို႔ သိရပါတယ္။

-ထြန္းထြန္း

[ Unicode ]

စတုတ္ထမြောက် ေအာ်ပရေတာဖြစ်တဲ့ Mytel အသုံးပြုသူ တစ်သန်းကျော် ရှိလာကြောင်း MyTel ရဲ့ ပြင်ပဆက်သွယ်ရေး အရာရှိချုပ် ဦးဇော်မင်းဦးကပြောပါတယ်။

နေပြည်တော်၊ ကရင်ပြည်နယ်နဲ့ ပဲခူးတိုင်း အရှေ့ပိုင်းဒေသတွေမှာ မတ်လ ၁၅ ရက်မှာ ဝန်ဆောင်မှုတွေ စတင်ခဲ့ပြီး တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ပေးမယ့် ထုတ်ကုန်နဲ့ ဝန်ဆောင်မှုတွေကို တရားဝင်အသိပေး ကြေညာတဲ့ အခမ်းအနားကို ဇွန်လ ၉ ရက်မှာ ဆောင်ရွက်ခဲ့ပါတယ်။ အဲဒီအချိန်ကနေ လက်ရှိအချိန်အထိ အသုံးပြုသူတစ်သန်း ကျော်ရှိလာတာဖြစ်ပါတယ်။ “Mytel အသုံးပြုသူ တစ်သန်းကျော်ပြီဖြစ်ပါတယ်၊ ကျွန်တော် တို့မျှော်မှန်းထားသလောက် Network က အဆင်သင့်တော့ မဖြစ်သေးပါဘူး၊ ဒါပေမဲ့ ဖြစ်အောင်လုပ်နေပါတယ်၊ BTS တွေလိုပါသေးတယ်” လို့ ဦးဇော်မင်းဦးကပြောပါတယ်။

တစ်ချို့နေရာတွေမှာ အသုံးပြုသူတွေက ထင်ထားတာထက် များနေကြောင်း ဆက်လက်ပြောကြားပါတယ်။ “တစ်ချို့နေရာတွေမှာ အသုံးပြုသူတွေက ကျွန်တော်တို့ထင်ထားတာထက် 4G Broadband ကိုသုံးတယ်၊ မျှော်မှန်းထားတာက ဒီနေရာမှာ BTS တစ်ခုပဲဆိုရင် တကယ့်တကယ်က သုံးတဲ့သူအရမ်းများနေတာမျိုးရှိတယ်၊ ထပ်ထည့်ရတာရှိတယ်၊ တစ်နိုင်ငံလုံးမှာရှိတဲ့ တာဝါတိုင်ပေါင်း ၅၀၀၀ မှာ ၂၀၀ လောက်မှာက သုံးတဲ့သူ အရမ်းများနေ တယ်” လို့ဆိုပါတယ်။ ဖိုင်ဘာကေဘယ် ကီလိုမီတာ ၃၀၀၀၀ တပ်ဆင်နိုင်ခဲ့ပြီး မြန်မာတစ်နိုင်ငံလုံးရှိ ဖိုင်ဘာ optic အခြေခံအဆောက်အဦ တပ်ဆင်မှု အားလုံးရဲ့ ၅၀ ရာခိုင်နှုန်းခန့်ကို ပံ့ပိုးပေးနိုင်တယ်လို့ မိတ်ဆက်တဲ့ အခမ်းအနားကနေ သိရပါတယ်။ Mytel ရဲ့ ကွန်ရက်စုစုပေါင်းဟာ မြန်မာနိုင်ငံ လူဦးရေရဲ့ ၈၀ ရာခိုင်နှုန်းခန့် မြို့နယ်ပေါင်း ၃၀၀ ကျော်ကို လွှမ်းခြုံနိုင်မယ်လို့ သိရပါတယ်။

-ထွန်းထွန်း