Mytel မှ Captain Data Pack တွင် Viber အသုံးပြုမှုအတွက် Zero Data Usage ကိုထည့်သွင်း

Mytel နဲ့ Viber ပူးပေါင်းပြီး Viber အသုံးပြုမှုအတွက် Zero Data Usage ကို Captain Data Pack မှာ အသုံးပြုနိုင်အောင် လုပ်ဆောင်လိုက်တယ်လို့ သိရပါတယ်။

အသုံးပြုသူတွေ အနေနဲ့ ၂,၄၀၀ ကျပ်၊ ၂,၅၀၀ ကျပ်၊ ၇,၀၀၀ ကျပ်၊ ၁၃,၅၀၀ ကျပ် နဲ့ ၂၀,၀၀၀ ကျပ် စတဲ့ data pack ငါးမျိုးမှ နှစ်သက်ရာကို ရွေးချယ်နိုင်မှာဖြစ်ပြီး Mytel အသုံးပြုသူတွေဟာ ရိုးရိုးဒေတာနဲ့ Night Data နှစ်မျိုးကို ရယူပြီး အကန့်အသတ်မရှိ အခမဲ့ Viber အသုံးပြုခွင့်ကို ရက် ၃၀ မှ ၉၀ အထိ ရရှိနိုင်မှာဖြစ်ပါတယ်။

“ Mytel ရဲ့ Captain Data Pack က မြန်မာပြည်သူတွေ အကောင်းဆုံး အရည်အသွေးရှိတဲ့ မိုဘိုင်းကွန်ရက်ကို ရရှိပြီး Viber ရဲ့ အဆင့်မြင့်လုပ်ဆောင်ချက်တွေနဲ့ အိမ်မှာ ကျန်းကျန်းမာမာနေထိုင်ပြီး အဆက်အသွယ်မပြတ် ရှိစေဖို့ လုပ်ဆောင်ပေးနိုင်မှာ သေချာပါတယ်” လို့ Rakuten Viber ရဲ့ Chief Growth Officer ဖြစ်သူ Anna Znamenskaya ကပြောပါတယ်။

“social distancing လုပ်နေရတဲ့ ဒီလိုအချိန်မှာ ချစ်ခင်သူတွေနဲ့ အဆက်အသွယ်မပြတ်ဖို့နဲ့ လုပ်ငန်းဆောင်တာတွေကို အဆင်ပြေ ချောမွေ့စွာ ပြုလုပ်နိုင်ဖို့ Rakuten Viber နဲ့ ပူးပေါင်းပြီး အများပြည်သူအတွက် Captain Data Pack လို့ခေါ်တဲ့ ဒီအစီအစဉ်သစ်ကို မိတ်ဆက်ပေးခဲ့တာပဲ ဖြစ်ပါတယ်။ ဒီ data pack အသစ်က သုံးစွဲသူတွေရဲ့ ကုန်ကျစရိတ်ကို လျှော့ချနိုင်ဖို့ အကူအညီဖြစ်စေမယ်လို့ မျှော်လင့်ပါတယ် ” လို့ Mytel ရဲ့ ပြင်ပဆက်ဆံရေးအရာရှိချုပ် ဒေါ်နီလာအေးက ပြောပါတယ်။

-အောင်သူ