Mytel မွ VoLTE အသံစနစ္ျဖင့္ Mytel ဝန္ေဆာင္မႈေပးမည္ ဟုဆို

[ Zawgyi ]

စတုတၳေျမာက္ဆက္သြယ္ေရး ေအာ္ပေရတာျဖစ္တဲ့ Mytel အေနနဲ႔ 4G ကြန္ရက္အတူ VoLTE အသံစနစ္ျဖင့္ ဝန္ေဆာင္မႈေပးသြားမယ္လို႔ သိရပါတယ္။

ဖုန္းေျပာဆိုတဲ့အခါ အသံစနစ္ကို ၾကည္လင္စြာျဖင့္ ၾကားႏိုင္မယ္လို႔ဆိုတဲ့ Voice Over Long-Term Evolution (VoLTE) စနစ္အေထာက္အပံ့နဲ႔ ဝန္ေဆာင္မႈေပးသြားမွာ ျဖစ္တယ္လို႔ ဆိုပါတယ္။ Fiber နည္းပညာ အသံုးျပဳမွာျဖစ္တဲ့အတြက္ ကြန္ရက္ သိပ္သည္းဆအေနနဲ႔ လူတစ္သန္းကို ၁၅၀၀ ကီလိုမီတာ အထိျမႇင့္တင္ေပးႏိုင္ေၾကာင္း၊ Mytel အေနျဖင့္ ဝန္ေဆာင္မႈ စတင္ေပးတာနဲ႔ 2G နဲ႔ 4G ကြန္ရက္ ဝန္ေဆာင္မႈကို ေပးသြားမွာျဖစ္ေၾကာင္း၊ 2G ကြန္ရက္ကို  ေက်းလက္ေဒသမ်ားအတြက္ ရည္ရြယ္ထားေၾကာင္း သိရပါတယ္။

Mytel ဆင္းမ္တစ္ကတ္ကို ၁၅၀၀ က်ပ္ နဲ႔စတင္ေရာင္းခ်ေနၿပီျဖစ္ေၾကာင္း သိရပါတယ္။ MyTel ဖုန္းအခ်င္းခ်င္းေခၚဆိုခ တစ္မိနစ္ကို ၁၀ က်ပ္၊ Mytel ကေန အျခားဖုန္းကိုေခၚဆိုခ တစ္မိနစ္ကို၂၃ က်ပ္၊ SMS တစ္ေစာင္ ၁၀ က်ပ္နဲ႔ ေရာင္းခ်တာျဖစ္ပါတယ္။ 4G ကြန္ရက္ျဖစ္ၿပီး မတ္ လ ၁၅ ရက္မွာ ေနျပည္ေတာ္၊ ပဲခူးတိုင္းအေရွ႕ပိုင္းနဲ႔ ကရင္ျပည္နယ္တို႔မွာ စတင္ဝန္ေဆာင္မႈေပးတာ ျဖစ္ပါတယ္။ တိုင္းေဒသႀကီးနဲ႔ ျပည္နယ္ ၁၅ ခုမွာ ႐ံုးခြဲေပါင္း ၁၈ ခုထားရွိမယ္လို႔ သတင္းထုတ္ျပန္ခဲ့ပါတယ္။

– ေအာင္သက္ကို

===============

[ Unicode ]

Mytel မှ VoLTE အသံစနစ်ဖြင့် Mytel ဝန်ဆောင်မှုပေးမည် ဟုဆို

===============

စတုတ္ထမြောက်ဆက်သွယ်ရေး အော်ပရေတာဖြစ်တဲ့ Mytel အနေနဲ့ 4G ကွန်ရက်အတူ VoLTE အသံစနစ်ဖြင့် ဝန်ဆောင်မှုပေးသွားမယ်လို့ သိရပါတယ်။

ဖုန်းပြောဆိုတဲ့အခါ အသံစနစ်ကို ကြည်လင်စွာဖြင့် ကြားနိုင်မယ်လို့ဆိုတဲ့ Voice Over Long-Term Evolution (VoLTE) စနစ်အထောက်အပံ့နဲ့ ဝန်ဆောင်မှုပေးသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ Fiber နည်းပညာ အသုံးပြုမှာဖြစ်တဲ့အတွက် ကွန်ရက် သိပ်သည်းဆအနေနဲ့ လူတစ်သန်းကို ၁၅၀၀ ကီလိုမီတာ အထိမြှင့်တင်ပေးနိုင်ကြောင်း၊ Mytel အနေဖြင့် ဝန်ဆောင်မှု စတင်ပေးတာနဲ့ 2G နဲ့ 4G ကွန်ရက် ဝန်ဆောင်မှုကို ပေးသွားမှာဖြစ်ကြောင်း၊ 2G ကွန်ရက်ကို ကျေးလက်ဒေသများအတွက် ရည်ရွယ်ထားကြောင်း သိရပါတယ်။

Mytel ဆင်းမ်တစ်ကတ်ကို ၁၅၀၀ ကျပ် နဲ့စတင်ရောင်းချနေပြီဖြစ်ကြောင်း သိရပါတယ်။ MyTel ဖုန်းအချင်းချင်းခေါ်ဆိုခ တစ်မိနစ်ကို ၁၀ ကျပ်၊ Mytel ကနေ အခြားဖုန်းကိုခေါ်ဆိုခ တစ်မိနစ်ကို၂၃ ကျပ်၊ SMS တစ်စောင် ၁၀ ကျပ်နဲ့ ရောင်းချတာဖြစ်ပါတယ်။ 4G ကွန်ရက်ဖြစ်ပြီး မတ် လ ၁၅ ရက်မှာ နေပြည်တော်၊ ပဲခူးတိုင်းအရှေ့ပိုင်းနဲ့ ကရင်ပြည်နယ်တို့မှာ စတင်ဝန်ဆောင်မှုပေးတာ ဖြစ်ပါတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ် ၁၅ ခုမှာ ရုံးခွဲပေါင်း ၁၈ ခုထားရှိမယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

– အောင်သက်ကို