Mytel မှ နံပါတ်အလှများ ရောင်းချရေး ဆွေးနွေးဆဲ အဆင့်သာ ရှိသေးဟုဆို
[Zawgyi]
လက်ရှိနေပြည်တော်ဈေးကွက်မှာ Data Package , ဖုန်းခေါ်ဆိုခွင့်တွေ အသင့်ပါဝင်တဲ့ Mytel SIM ကဒ်တွေကို လေးထောင်ကျပ်နဲ့ လည်းကောင်း၊ သာမာန် Mytel SIM Card တွေကို ကျပ်တစ်ထောင့်ငါးရာနဲ့ သော်လည်းကောင်း ရောင်းချနေပြီး အချို့သော ဆိုင်တွေမှာ ဒီထက်ပိုလျော့တဲ့ ဈေးနှုန်းနဲ့ ရောင်းချပေးနေတာလည်းတွေ့ရပါတယ်။
-ကျော်ဇေယျ
[Unicode]
စတုတ္ထမြောက် ဆက်သွယ်ရေးအော်ပရေတာဖြစ်တဲ့ Mytel အနေနဲ့ SIM ကတ်နံပါတ်အလှတွေကို ရောင်းချရေးအတွက် သက်ဆိုင်ရာအဆင့်ဆင့်တွေနဲ့ ဆွေးနွေးညှိနှိုင်းဆဲ အဆင့်သာ ရှိနေသေးကြောင်းကို Mytel ရဲ့ ပြင်ပဆက်ဆံရေး အရာရှိချုပ် ဦးဇော်မင်းဦးက ပြောကြားခဲ့ပါတယ်။
” နံပါတ်အလှတွေကို ရောင်းချပေးဖို့ အစီအစဉ်ကတော့ ရှိပါတယ်၊ သူ့စျေးနဲ့ သူပေါ့၊ ဘယ်လို စနစ်နဲ့ရောင်းမယ်( ဥပမာ လေလံစနစ်)၊ ဘာကိုဘယ်လောက်နှုန်း ကြမ်းခင်းထားမယ်။ ရရှိလာတဲ့ အကျိုးအမြတ်ကို ဘယ်လိုနေရာတွေမှာ အကျိုးရှိရှိနဲ့ ဘယ်လို ပြန်ပြီး အသုံးချမယ်ဆိုတာတွေက သက်ဆိုင်ရာ အဆင့်ဆင့်နဲ့ ညှိနှိုင်းနေပါတယ်” လို့ ဦးဇော်မင်းဦးက ပြောပါတယ်။
လက်ရှိနေပြည်တော်စျေးကွက်မှာ Data Package , ဖုန်းခေါ်ဆိုခွင့်တွေ အသင့်ပါ၀င်တဲ့ Mytel SIM ကဒ်တွေကို လေးထောင်ကျပ်နဲ့ လည်းကောင်း၊ သာမာန် Mytel SIM Card တွေကို ကျပ်တစ်ထောင့်ငါးရာနဲ့ သော်လည်းကောင်း ရောင်းချနေပြီး အချို့သော ဆိုင်တွေမှာ ဒီထက်ပိုလျော့တဲ့ စျေးနှုန်းနဲ့ ရောင်းချပေးနေတာလည်းတွေ့ရပါတယ်။
-ကျော်ဇေယျ