Mytel က ႏိုင္ငံအခ်ိဳ႕သို႔ တသမတ္တည္းႏႈန္းျဖင့္ ဖုန္းေခၚဆိုႏိုင္ရန္ေဆာင္ရြက္

[Zawgyi]

Mytel အေနနဲ႔ ျပည္ပႏိုင္ငံအခ်ိဳ႕ကို တသမတ္တည္း ဖုန္းေခၚဆိုႏိုင္ဖို႔ ေစ်းႏႈန္းေတြထုတ္ျပန္လိုက္ပါတယ္။

ျမန္မာႏိုင္ငံအတြက္ Calling Local Service (ဗီယက္နမ္မွ ဗီယက္နမ္သို႔ေခၚဆိုမႈ၊ လာအိုမွလာအိုသို႔၊ ကေမာၻဒီးယားမွ ကေမာၻဒီယား) နဲ႔ Calling Home Service (အဲဒီႏိုင္ငံသံုးႏိုင္ငံမွ ျမန္မာႏိုင္ငံကိုေခၚဆိုမႈ) ၀န္ ေဆာင္မႈအတြက္ ဗီယက္နမ္၊ လာအို၊ ကေမာၻဒီးယားႏိုင္ငံေ တြရဲ႕ျပည္တြင္းေခၚဆိုမႈႏႈန္းထားအတိုင္းေကာက္ခံ သြားမယ္လို႔သိရပါတယ္။ ဗီယက္နမ္၊ လာအို၊ ကေမာၻဒီးယားႏိုင္ငံေတြက မိတ္ဖက္ကုမၸဏီေတြနဲ႔ ပူးေပါင္းလုပ္ေဆာင္ထားတာျဖစ္ေၾကာင္းေျပာပါ တယ္။

“ဆိုလိုခ်င္တာကေတာ့ Mytel သံုးစြဲသူေတြအေနနဲ႔ Mytel ဆင္းမ္ကတ္ကိုအသံုးျပဳၿပီး ဗီယက္နမ္၊ လာအိုနဲ႔ကေမာၻဒီးယားႏိုင္ငံေတြက ဖုန္းေခၚဆိုတဲ့အခါမွာ ဒီႏိုင္ငံေတြရဲ႕ျပည္တြင္းဖုန္းေခၚဆိုမႈနဲ႔တူညီ တဲ့ Roaming ႏႈန္းထား တစ္မိနစ္ကို ၁၂၅ က်ပ္နဲ႔ေခၚဆိုႏိုင္မွာျဖစ္ပါတယ္၊ ေနာက္ၿပီး ဒီ Roaming ေကာက္ခံမႈႏႈန္းက Mytel နံပါတ္အခ်င္းခ်င္းျဖစ္ေစ ျမန္မာႏိုင္ငံကျဖစ္ေစ၊ ျမန္မာႏိုင္ငံကိုျဖစ္ေစေခၚဆို မႈအတြက္လည္း တစ္မိနစ္ ၁၂၅ က်ပ္ပဲက်သင့္မွာျဖစ္ပါတယ္” လို႔ Mytel ရဲ႕ ျပည္ပဆက္ဆံေရးအရာရွိ ခ်ဳပ္ဦးေဇာ္မင္းဦးကေျပာပါတယ္။

[Unicode]

Mytel အနေနဲ့ ပြည်ပနိုင်ငံအချို့ကို တသမတ်တည်း ဖုန်းခေါ်ဆိုနိုင်ဖို့ စျေးနှုန်းတွေထုတ်ပြန်လိုက်ပါတယ်။

မြန်မာနိုင်ငံအတွက် Calling Local Service (ဗီယက်နမ်မှ ဗီယက်နမ်သို့ခေါ်ဆိုမှု၊ လာအိုမှလာအိုသို့၊ ကမ္ဘောဒီးယားမှ ကမ္ဘောဒီယား) နဲ့ Calling Home Service (အဲဒီနိုင်ငံသုံးနိုင်ငံမှ မြန်မာနိုင်ငံကိုခေါ်ဆိုမှု) ၀န် ဆောင်မှုအတွက် ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယားနိုင်ငံေ တွရဲ့ပြည်တွင်းခေါ်ဆိုမှုနှုန်းထားအတိုင်းကောက်ခံ သွားမယ်လို့သိရပါတယ်။ ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယားနိုင်ငံတွေက မိတ်ဖက်ကုမ္ပဏီတွေနဲ့ ပူးပေါင်းလုပ်ဆောင်ထားတာဖြစ်ကြောင်းပြောပါ တယ်။

“ဆိုလိုချင်တာကတော့ Mytel သုံးစွဲသူတွေအနေနဲ့ Mytel ဆင်းမ်ကတ်ကိုအသုံးပြုပြီး ဗီယက်နမ်၊ လာအိုနဲ့ကမ္ဘောဒီးယားနိုင်ငံတွေက ဖုန်းခေါ်ဆိုတဲ့အခါမှာ ဒီနိုင်ငံတွေရဲ့ပြည်တွင်းဖုန်းခေါ်ဆိုမှုနဲ့တူညီ တဲ့ Roaming နှုန်းထား တစ်မိနစ်ကို ၁၂၅ ကျပ်နဲ့ခေါ်ဆိုနိုင်မှာဖြစ်ပါတယ်၊ နောက်ပြီး ဒီ Roaming ကောက်ခံမှုနှုန်းက Mytel နံပါတ်အချင်းချင်းဖြစ်စေ မြန်မာနိုင်ငံကဖြစ်စေ၊ မြန်မာနိုင်ငံကိုဖြစ်စေခေါ်ဆို မှုအတွက်လည်း တစ်မိနစ် ၁၂၅ ကျပ်ပဲကျသင့်မှာဖြစ်ပါတယ်” လို့ Mytel ရဲ့ ပြည်ပဆက်ဆံရေးအရာရှိ ချုပ်ဦးဇော်မင်းဦးကပြောပါတယ်။