
[ Zawgyi ]





-အောင်သက်ကို

==============

[ Unicode ]

MyTel က ကျောင်းပေါင်း ၅၀ တွင် အခမဲ့အင်တာနက် တပ်ဆင်မည်

==============

MyTel အနေနဲ့ အခုနှစ်အတွင်း ကျောင်းပေါင်း ၅၀ မှာ အခမဲ့အင်တာနက် တပ်ဆင်မှာဖြစ်ကြောင်း သိရပါတယ်။

ဖိုင်ဘာအင်တာနက် ဝန်ဆောင်မှုအဖြစ် စာသင်ကျောင်းတွေမှာ တပ်ဆင်သွားမှာဖြစ်ကြောင်း၊ လက်ရှိ ကရင်ပြည်နယ်၊ နေပြည်တော်၊ ပဲခူး၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ တနင်္သာရီတိုင်းနဲ့ ဧရာဝတီ တိုင်းဒေသကြီးက စာသင်ကျောင်းပေါင်း ၁၃ ကျောင်းမှာ အခမဲ့ တပ်ဆင်ပေးပြီးဖြစ်ကြောင်း သိရပါတယ်။ အင်တာနက်မြန်နှုန်း 2Mbps ပေးသွားမှာဖြစ်ကာ ပညာရေးအထောက်အကူပြု ကွန်ပျူတာပစ္စည်း တွေ၊ IT စာသင်ခန်း တွေကိုလည်း ထောက်ပံ့ပေးထားကြောင်း သိရပါတယ်။

“ပညာရေးကဏ္ဍကို အထောက်အပံ့ပေးခြင်းဟာ အကောင်းဆုံးနည်းလမ်းတွေထဲက တစ်ခုဖြစ်ပါတယ်၊ ဒါကြောင့် Mytel အနေနဲ့ ပြည်တွင်းက ကျောင်းသားကျောင်းတွေကို ကောင်းမွန်တဲ့လေ့လာ သင်ယူစရာ ပညာရေးအ ထောက်အပံ့ပေးသွားဖို့ လုပ်ဆောင်ပေး သွားမှာပါ” လို့ Mytel ရဲ့ပြင်ပဆက်ဆံရေး အရာရှိချုပ်ဖြစ်သူ ဦးဇော်မင်းဦးက ပြောပါတယ်။

ပညာရေးဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်နဲ့ ပြည်တွင်း ကစာသင်ကျောင်းပေါင်း တစ်ထောင်ကျော်မှာ အခမဲ့အင်တာနက် ဝန်ဆောင်မှု ပေးသွားမှာဖြစ်ကြောင်း ဆိုပါတယ်။

-အောင်သက်ကို