MyTel က လူမႈအက်ိဳးျပဳ လုပ္ငန္းမ်ားအတြက္ ေဒၚလာသန္း ၈၀ လ်ာထားေၾကာင္းဆို

[ Zawgyi ]

Mytel အေနနဲ႔ ဆက္သြယ္ေရး ဝန္ေဆာင္မႈေပးသည့္ ၁၅ ႏွစ္တာသက္တမ္းအတြင္း လူမႈအက်ိဳးျပဳလုပ္ငန္းေတြအတြက္ ေဒၚလာသန္း ၈၀ လ်ာထားေၾကာင္း သိရပါတယ္။

လူမႈအက်ိိဳးျပဳလုပ္ငန္းေတြကိုအေထာက္အပံ့ေပးရာမွာ ပညာေရးက႑အတြက္ ၈၀ ရာခိုင္ႏႈန္း အသံုးျပဳသြားမွာ ျဖစ္တယ္လို႔ သိရပါတယ္။ ႏိုင္ငံဖြံ႔ၿဖိဳးတိုးတက္မႈ ျမႇင့္တင္ဖို႔အတြက္ ေက်ာင္း၊ ေဆးရံု၊ သာသနာေရးရာ အေဆာက္အဦေတြနဲ႔ အစိုးရအဖြဲ႕အစည္း ေတြရဲ႕ ႐ံုးေတြမွာ အခမဲ့အင္တာနက္ ဝန္ေဆာင္မႈ တပ္ဆင္ေပးသြားတာေတြကို ေဆာင္ရြက္သြားမွာျဖစ္ေၾကာင္း၊ Mytel ကို ျမန္မာႏိုင္ငံသားပိုင္ ရွယ္ယာ ၅၁ ရာခိုင္ႏႈန္းနဲ႔ ဗီယက္နမ္ပိုင္ ရွယ္ယာ ၄၉ ရာခိုင္ႏႈန္းပါ၀င္ကာ အေမရိကန္ေဒၚလာ ၂ ဘီလီလ်ံရင္း ႏွီးျမႇပ္ႏွံထားေၾကာင္း သိရပါတယ္။

လက္ရွိတြင္ Mytel အေနနဲ႔ဖိုက္ဘာ ဆက္သြယ္ေရးလမ္းေၾကာင္း ၃၃,၀၀၀ ကီလိုမီတာ တည္ေဆာက္ၿပီးျဖစ္တယ္လို႔ သိရပါတယ္။

-ေအာင္သက္ကို

=============

MyTel က လူမှုအကျိုးပြု လုပ်ငန်းများအတွက် ဒေါ်လာသန်း ၈၀ လျာထားကြောင်းဆို

=============

Mytel အနေနဲ့ ဆက်သွယ်ရေး ဝန်ဆောင်မှုပေးသည့် ၁၅ နှစ်တာသက်တမ်းအတွင်း လူမှုအကျိုးပြုလုပ်ငန်းတွေအတွက် ဒေါ်လာသန်း ၈၀ လျာထားကြောင်း သိရပါတယ်။

လူမှုအကျိိုးပြုလုပ်ငန်းတွေကိုအထောက်အပံ့ပေးရာမှာ ပညာရေးကဏ္ဍအတွက် ၈၀ ရာခိုင်နှုန်း အသုံးပြုသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ နိုင်ငံဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ဖို့အတွက် ကျောင်း၊ ဆေးရုံ၊ သာသနာရေးရာ အဆောက်အဦတွေနဲ့ အစိုးရအဖွဲ့အစည်း တွေရဲ့ ရုံးတွေမှာ အခမဲ့အင်တာနက် ဝန်ဆောင်မှု တပ်ဆင်ပေးသွားတာတွေကို ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ Mytel ကို မြန်မာနိုင်ငံသားပိုင် ရှယ်ယာ ၅၁ ရာခိုင်နှုန်းနဲ့ ဗီယက်နမ်ပိုင် ရှယ်ယာ ၄၉ ရာခိုင်နှုန်းပါ၀င်ကာ အမေရိကန်ဒေါ်လာ ၂ ဘီလီလျံရင်း နှီးမြှပ်နှံထားကြောင်း သိရပါတယ်။

လက်ရှိတွင် Mytel အနေနဲ့ဖိုက်ဘာ ဆက်သွယ်ရေးလမ်းကြောင်း ၃၃,၀၀၀ ကီလိုမီတာ တည်ဆောက်ပြီးဖြစ်တယ်လို့ သိရပါတယ်။

-အောင်သက်ကို