Mytel က ပထမဦးဆံုး တပ္ဆင္မည္႔ ေက်ာင္းေပါင္းတစ္ရာတြင္ DIA စနစ္ျဖင့္ တပ္ဆင္ေပးမည္

[ Zawgyi ]

Mytel မွ ပထမဦးဆံုးအင္တာနက္ တပ္ဆင္ေပးမယ့္ ေက်ာင္းေပါင္း ၁၀၀ မွာ ျမန္နွုန္းျမင့္ ISP ျဖစ္တဲ့ DIA ( Direct Internet Access) စနစ္နဲ႔ေဆာင္ရြက္သြားမယ္လို႔ Mytel ရဲ႕ ျပင္ပဆက္ဆံေရး အရာရွိခ်ဳပ္ ဦးေဇာ္မင္းဦးက ေျပာပါတယ္။

“ အခု တပ္ၿပီးသြားတာကေတာ့ ေက်ာင္း (၁၃) ေက်ာင္း တပ္ၿပီးသြားၿပီ။ အဲ့ေက်ာင္းေတြ အပါအဝင္ ပထမဦးဆံုး တပ္ဆင္မယ့္ ေက်ာင္းေပါင္း(၁၀၀)ကို တိုက္႐ိုက္ခ်ိတ္ဆက္ေပးထားတဲ့ DIA ( Direct Internet Access) စနစ္ျဖင့္ ျမန္နွုန္းျမင့္ ISP တပ္ဆင္ေပးသြားမွာ ျဖစ္ပါတယ္” လို႔ ဇူလိုင္လ (၂၇) ရက္ေန႔က ေနျပည္ေတာ္မွာ ျပဳလုပ္သြားတဲ့ အင္တာနက္ေက်ာင္းေတာ္ အခမ္းအနားမွာ ေျပာဆိုခဲ့ပါတယ္။

mytel ရဲ႕ CSR လူမွုအက်ဳိးျပဳ အစီအစဥ္အရ စာသင္ေက်ာင္းေပါင္း ငါးေထာင္ေက်ာ္ကို အခမဲ့ WiFi အင္တာနက္ အသံုးျပဳဖို႕ရာအတြက္ ပစၥည္းေရာ လိုင္းေတြပါ လွဴဒါန္းမယ့္ အစီအစဥ္ကို ေက်ာင္းေပါင္း (၅၀၀၀) လံုးကို ၁၅ႏွစ္အတြင္း အၿပီးတပ္ဆင္ေပးမယ္လို႕ လ်ာထားေၾကာင္း၊ အခုအခါမွာ ေက်ာင္းေပါင္း (၅၀၀၀) လံုးကို ငါးႏွစ္အတြင္း အျပီး တပ္ဆင္ေပးေတာ့မွာ ျဖစ္ေၾကာင္းဆိုပါတယ္။

တကၠသိုလ္ ေက်ာင္းေတြကို ျမန္ႏွုန္း 5mbps , အထက္တန္း အလယ္တန္းေက်ာင္းေတြအတြက္ 2mbps ႏွုန္းနဲ႕ တပ္ဆင္ေပးမယ္လို႔ အၾကမ္းဖ်င္းလ်ာထားေသာ္လည္း ေက်ာင္းရွိ ေက်ာင္းသား/သူ အေရအတြက္နဲ႔ သံုးစြဲမယ့္ အေနအထားေပ မူတည္ၿပီး ေဆာင္ရြက္ေပးသြားမွာ ျဖစ္တယ္လို႔လည္း သိရပါတယ္။

-ေက်ာ္ေဇယ်

[ Unicode ]

Mytel မှ ပထမဦးဆုံးအင်တာနက် တပ်ဆင်ပေးမယ့် ကျောင်းပေါင်း ၁၀၀ မှာ မြန်နှုန်းမြင့် ISP ဖြစ်တဲ့ DIA ( Direct Internet Access) စနစ်နဲ့ဆောင်ရွက်သွားမယ်လို့ Mytel ရဲ့ ပြင်ပဆက်ဆံရေး အရာရှိချုပ် ဦးဇော်မင်းဦးက ပြောပါတယ်။

“ အခု တပ်ပြီးသွားတာကတော့ ကျောင်း (၁၃) ကျောင်း တပ်ပြီးသွားပြီ။ အဲ့ကျောင်းတွေ အပါအဝင် ပထမဦးဆုံး တပ်ဆင်မယ့် ကျောင်းပေါင်း(၁၀၀)ကို တိုက်ရိုက်ချိတ်ဆက်ပေးထားတဲ့ DIA ( Direct Internet Access) စနစ်ဖြင့် မြန်နှုန်းမြင့် ISP တပ်ဆင်ပေးသွားမှာ ဖြစ်ပါတယ်” လို့ ဇူလိုင်လ (၂၇) ရက်နေ့က နေပြည်တော်မှာ ပြုလုပ်သွားတဲ့ အင်တာနက်ကျောင်းတော် အခမ်းအနားမှာ ပြောဆိုခဲ့ပါတယ်။

mytel ရဲ့ CSR လူမှုအကျိုးပြု အစီအစဉ်အရ စာသင်ကျောင်းပေါင်း ငါးထောင်ကျော်ကို အခမဲ့ WiFi အင်တာနက် အသုံးပြုဖို့ရာအတွက် ပစ္စည်းရော လိုင်းတွေပါ လှူဒါန်းမယ့် အစီအစဉ်ကို ကျောင်းပေါင်း (၅၀၀၀) လုံးကို ၁၅နှစ်အတွင်း အပြီးတပ်ဆင်ပေးမယ်လို့ လျာထားကြောင်း၊ အခုအခါမှာ ကျောင်းပေါင်း (၅၀၀၀) လုံးကို ငါးနှစ်အတွင်း အပြီး တပ်ဆင်ပေးတော့မှာ ဖြစ်ကြောင်းဆိုပါတယ်။

တက္ကသိုလ် ကျောင်းတွေကို မြန်နှုန်း 5mbps , အထက်တန်း အလယ်တန်းကျောင်းတွေအတွက် 2mbps နှုန်းနဲ့ တပ်ဆင်ပေးမယ်လို့ အကြမ်းဖျင်းလျာထားသော်လည်း ကျောင်းရှိ ကျောင်းသား/သူ အရေအတွက်နဲ့ သုံးစွဲမယ့် အနေအထားပေ မူတည်ပြီး ဆောင်ရွက်ပေးသွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

-ကျော်ဇေယျ