MyID သုံးစွဲသူများ ဒေတာအခမဲ့ဖြင့်ကြည့်နိုင်မည့် 2021 New Year Countdown အွန်လိုင်းဖျော်ဖြေပွဲ ပြုလုပ်မည်

Mytel အနေနဲ့ SkyNet နဲ့ ပူးပေါင်းပြီး ယနေ့ညမှာ New Year Countdown ဖျော်ဖြေပွဲကိုပြုလုပ်သွားမယ်လို့ သိရပါတယ်။

အဆိုပါ New Year Countdown ပွဲကို ယနေ့ည ၈ နာရီမှ စတင်ကာ Mytel ရဲ့ MyID App (FREE DATA)၊ Mytel Myanmar Facebook Page၊ SKYNET DTH Facebook Page တို့မှတစ်ဆင့် တိုက်ရိုက် LIVE ထုတ်လွှင့်တင်ဆက်သွားမှာဖြစ်ပြီး ရုပ်သံလိုင်းတွေဖြစ်တဲ့ SKYNET Music Channel နဲ့ Channel ME တို့မှလည်း ထုတ်လွှင့်ပြသသွားမယ်လို့ သိရပါတယ်။

LIVE ဖျော်ဖြေမှုအစီအစဉ်မှာ နိုင်ငံကျော် အနုပညာရှင်တွေဖြစ်တဲ့ အာဇာနည်၊ ဝေလ၊ မိုးမိုး၊ အောင်လ၊ ဝန၊ Project K, DoubleJ, ဝိုင်းစုခိုင်သိန်း၊ အေသင်ချိုဆွေ၊ မိစန္ဒီ၊ ဆိုဖီယာ၊ ယွန်း၊ ယွန်းမြတ်သူ၊ အခရာ၊ ခင်လှိုင်၊ ဟားတစ်သိုက်၊ ဝင်းသပြေထွန်း၊ မေ့ချစ်သက်နဲ့ အခြားသော အနုပညာရှင်များမှ တင်ဆက်ဖျော်ဖြေသွားမယ်လို့ သိရပါတယ်။ MyID သုံးစွဲသူတွေအနေနဲ့ New Year Countdown ရဲ့ဖျော်ဖြေမှုတွေကို MyID App (FREE DATA) မှတစ်ဆင့် ဒေတာ အခမဲ့နဲ့ ကြည့်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

-အောင်သူ

»»» အင်တာနက်ဂျာနယ်ကနေ ရုပ်သံဖိုင်နဲ့တင်ဆက်တာကို နှစ်သက်သူတွေအတွက် Internet Journal ရဲ့ Youtube channel ဖြစ်တဲ့ ဒီနေရာကို နှိပ်ပြီး Subscription လုပ်ထားဖို့လိုမယ်နော် «««