MyDay (ဆိုရှယ်မီဒီယာပေါ်မှာ အထာကျကျပုံတင်နိုင်မည်)

Facebook မှာ နောက်ခံပုံလေးတွေနဲ့ စာရေးပြီးပို့စ်တင်သလိုမျိုး ပို့စ်တွေဖန်တီးနိုင်မယ့် App ဖြစ်ပါတယ်။ နောက်ခံဒီဇိုင်းမျိုးစုံကို မြန်မာဖောင့်စတိုင်မျိုးစုံ အသုံးပြုပြီး ပုံတွေ ဖန်တီးနိုင်အောင် ဖန်တီးပေးထားပါတယ်။ မိမိဖန်တီးထားတဲ့ ပုံကို Viber, Facebook, Messenger, Zalo, Instagram, Twitter စတဲ့ ဆိုရှယ်ပလက်ဖောင်းများသို့ App မှ တိုက်ရိုက်မျှဝေနိုင်မှာဖြစ်ပါတယ်။ မိမိဖန်တီးထားတဲ့ ဓာတ်ပုံပို့စ်တွေကိုလည်း ဖုန်း Gallery ထဲမှာ .png ဖိုင်အနေနဲ့ သိမ်းထားနိုင်မှာလည်းဖြစ်ပါတယ်။ App ကို Android version 4.4 နဲ့အထက်မှာ ထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ပြီး Download လုပ်ချင်တယ် ဆိုရင်တော့ ဒီနေရာမှာ Download လုပ်ပါ။

-ရဲထွဋ်ဝင်း