MyanU Online University မှ သင်တန်းကြေးအခမဲ့ Project Management သင်တန်းဖွင့်မည်

MyanU Online University မှ သင်တန်းကြေးအခမဲ့ Project Management သင်တန်းကို ၆ ရက် ရက်တို သင်တန်းအနေနဲ့ ဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။

သင်တန်းတက်ရောက်ရမယ့် ရက်တွေကတော့ မတ် ၁၃ ရက်၊ ၁၉ ရက် ၊ ၂၀ ရက်၊ ၂၆ ရက် နဲ့ ဧပြီ ၂ ရက် နဲ့ ၃ ရက် နေ့တွေဖြစ်ပြီး Project Management ကို Project Manager များ၊ NGO မှာလုပ်ကိုင်နေသူများ၊ Event Planner များနဲ့ Manager Level များတက်ရောက်သင့်တဲ့ သင်တန်းဖြစ်ပါတယ်။ Project Management ဆိုတာ သတ်မှတ်ထားတဲ့ အချိန်ကာလအတွင်း မိမိ ရရှိနိုင်တဲ့ Resources များကို အသုံးပြုပြီး Project တစ်ခုကို စီမံကိန်းများရေးဆွဲခြင်း၊ မဟာဗျူဟာများချမှတ်ခြင်း ၊ ပြဿနာများဖြေရှင်းခြင်း၊ လုပ်ဆောင်ရမည့်လုပ်ငန်းစဉ်များ အစီအစဉ်ရေးဆွဲခြင်း၊ ကုန်ကျစရိတ်များ ခန့်မှန်းတွက်ချက်ခြင်း၊ လုပ်ငန်းစဉ်များကို ပြန်လည်စိစစ် ထိန်းချုပ်ခြင်းနှင့် စီမံကိန်းများကို အောင်မြင်စွာအဆုံးသတ်ခြင်းပဲ ဖြစ်ပါတယ်။

သင်တန်းကို ဦးဇင်ဘိုအောင် Project Management Professional ( PMP ), Bachelor of Engineering ( B.E Civil ) မှ သင်ကြားပေးသွားမှာ ဖြစ်ပြီး သင်တန်းချိန်မှာ နေ့လယ် ၁ နာရီမှ ညနေ ၆ နာရီအထိ ဖြစ်ပါတယ်။

သင်တန်းကြေး မရှိသော်လည်း commitment ကြေး ၅၀,၀၀၀ ကျပ်ပေးသွင်းရမှာ ဖြစ်ပြီး သင်တန်းကို ပျက်ကွက်ခြင်းမရှိသူများသာ Commitment ကြေးကို ပြန်လည် ထုတ်ယူခွင့်ရှိမှာ ဖြစ်ပါတယ်။ Certificate ထုတ်ယူလိုသူများအနေနဲ့ Certificate ကြေးပေးသွင်းရမှာပါ။

အွန်လိုင်းမှ သင်ကြားလိုသူတွေ အနေနဲ့ https://www.facebook.com/MyanUOnline/ နဲ့ https://www.myanuonline.com/home မှာ ဝင်ရောက် လေ့လာနိုင်ပါတယ်။ တက်ရောက်လိုပါက အမှတ် ၄၇၉၊ တိုက် E, ပထမထပ်၊ ဒိုင်းမွန်းကွန်ဒို ၊ ကမာရွတ်မြို့နယ် ဖုန်း – ၅၁၂၈၈၇ ကို ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်။

-သန္တာ