Myanmar’s Digital Development Workshop ကျင်းပ

Myanmar’s Digital Development Workshop ကို ဒီဇင်ဘာလ ၅ ရက်က နေပြည်တော်ရှိ ရုံးအမှတ်(၂)၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမမှာ ကျင်းပခဲ့တယ်လို့ Myanmar National portal ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

အလုပ်ရုံဆွေးနွေးပွဲကို ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ၊ World Bank နှင့် Korea-World Bank Partnership Facility (KWPF) တို့ပူးပေါင်းပူးပြီး မြန်မာနိုင်ငံမှာ e-Procurement နဲ့ People-Centric Public Services လုပ်ငန်းစဉ်တွေကို အောင်မြင်စွာအကောင်အထည်ဖော်ဆောင်နိုင်ရန်၊ နိုင်ငံတကာရဲ့ အတွေ့အကြုံနဲ့ အလေ့အကျင့်ကောင်းများကို မျှဝေပေးနိုင်ရန်ရည်ရွယ်ပြီး ကျင်းပတာ ဖြစ်တယ်လို့ သိရပါတယ်။

အခမ်းအနားမှာ e-Government ဌာန၊ ညွှန်ကြားရေးမှူး၊ ဝယ်ယူရေးနှင့် အစိုးရ၊ ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်ရေး ဆပ်ကော်မတီ အတွင်းရေးမှူး၊ ဒေါ်နွယ်နီစိုးရင်က ‘e-Procurement in Myanmar and e-Government Survey’ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကမ္ဘာ့ဘဏ်မှ Ms. Samia Melhem မှ ‘e-Procurement’ နဲ့ ‘Deep Dive into Successful Implementation of e-Procurement in developing countries’ ခေါင်းစဉ်များဖြင့်လည်းကောင်း ၊ ကိုရီးယားသမ္မတနိုင်ငံ၊ Public Procurement Service၊ Ms. Lee Hyungjin မှ ‘e-Procurement’ ခေါင်းစဉ်ဖြင့်လည်းကောင်း ဦးဆောင်ဆွေးနွေးခဲ့ကြပြီး အလုပ်ရုံဆွေးနွေးပွဲကို နှစ်ရက်အကြာပြုလုပ်သွားမှာ ဖြစ်တယ်လို့သိရပါတယ်။

-ကျော်ဇေယျ