Myanmar’s Brightest Future Using Lean Management ခေါင်းစဉ်ဖြင့် အခမဲ့ Webinar ပြုလုပ်မည်

Chindwin-PSB Institute ကနေ ကြီးမှူးပြီး Myanmar’s Brightest Future Using Lean Management (စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုအစီအမံကို အသုံးပြုပြီး တောက်ပြောင်သော မြန်မာ့အနာဂတ်ကို ပုံဖော်ခြင်း) ခေါင်းစဉ်နဲ့ အခမဲ့ Webinar ကို ကျင်းပသွားမယ်လို့ သိရပါတယ်။

ပွဲကို ဒီဇင်ဘာ ၁၂ ရက်၊ ညနေ ၆ နာရီမှ ၈ နာရီအထိ Zoom နဲ့ကျင်းပသွားမှာ ဖြစ်ပြီး Lean Expert Academy, LLC က အမှုဆောင်အရာရှိချုပ် James K. Hudson က ဟောပြောဆွေးနွေးပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။ Lean Management ဆိုတာက အဖွဲ့အစည်းတစ်ခု စဉ်ဆက်မပြတ် ဖွံ့ဖြိုးနေဖို့အတွက် စနစ်တကျ ဒီစီမံခန့်ခွဲမှုပုံစံကို အသုံးပြုပြီး တောက်ပြောင်ခမ်းနားတဲ့ မြန်မာ့အနာဂတ်ကို ပုံဖော်ရေးသားကြည့်နိုင်ဖို့ အတွက် Chindwin-PSB Institute ကနေ ကျင်းပတာဖြစ်ပါတယ်။

ဆွေးနွေးပွဲမှာ ၂၁ ရာစုရဲ့ စီမံခန့်ခွဲမှု နည်းစနစ်ဖြစ်တဲ့ Lean ကို အသုံးပြုပြီး မြန်မာနိုင်ငံကို တောက်ပတဲ့ အနာဂတ်ဆီ ဘယ်လိုဆောင်ကြဥ်းနိုင်မလဲ ဆိုတာကို လေ့လာနိုင်မှာဖြစ်ပြီး Lean ဆိုတာဘာလဲ၊ ဘာအဓိပ္ပါယ်လဲ ဆိုတာနဲ့ ဘယ်လိုမျိုး ကောင်းကျိုးရလဒ်တွေပေးနိုင်မလဲ ဆိုတာကို ဆွေးနွေးကြမှာပါ။ တက်ရောက်လိုသူတွေ အနေနဲ့ https://bit.ly/2Jq2h8B မှာ စာရင်းပေးသွင်း တက်ရောက်နိုင်ပြီး အသေးစိတ်ကို ဖုန်း-၀၉ ၉၅၄၀၀၅၉၅၉ ကို ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါတယ်။

-သန္တာ

»»» အင်တာနက်ဂျာနယ်ကနေ တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့စိတ်၀င်စားဖွယ်ရာ အ‌ကြောင်းအရာတွေကို နေ့စဉ် ည(၇) နာရီအချိန်မှာ ဒီဂျစ်တယ်ဗားရှင်း သတင်းစာစောင်လေးအနေနဲ့ ဒီနေရာ ကနေ ရယူဖတ်ရှုနိုင်မယ့် IJ Mini Newspaper «««