Myanmar Youth Technopreneurship Development Program နောက်ဆုံးအဆင့် အသင်း ၁၀ သင်း ဝင်ရောက်ယှဉ်ပြိုင်မည်

Myanmar Youth Technopreneurship Development Program အတွက် နောက်ဆုံးအဆင့် အနေနဲ့ အသင်း ၁၀ သင်း ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ သိရပါတယ်။

လက်ရှိမှာ အထက်မြန်မာပြည်က ငါးသင်း၊ အောက်မြန်မာပြည်က ငါးသင်း ရွေးချယ်ပြီးဖြစ်ပါတယ်။ အထက်မြန်မာပြည်အတွက် Myanmar CNC, Baby Lovers, Team Liquid, Team Hexasky, Particles တို့က ယှဉ်ပြိုင်မှာဖြစ်ပြီး အောက်မြန်မာပြည်အတွက် myplayer , Secret Art, DigiSportal, Butterfly နဲ့ Doctor Kyaw တို့က ယှဉ်ပြိုင်မှာဖြစ်ပါတယ်။

ရွေးချယ်ခံရတဲ့ အသင်း ၁၀ သင်းကို ရန်ကုန်မြို့ MICT Park ရှိ Kanaung Hub မှာ လေ့ကျင့်သင်ကြားပေးခြင်းတွေကို ပြုလုပ်ပေးသွားမှာဖြစ်ကြောင်း၊ နောက်ဆုံးအဆင့် ပြိုင်ပွဲကိုပြုလုပ်ပြီး ဆန်ခါ တင်အဆင့် ရွေးချယ်ခံထားရတဲ့ အသင်း ၁၀ သင်းမှ အကောင်းဆုံးသုံးသင်းကို ရွေးချယ်ပြီး Myanmar Youth Technopreneurship Development Program-2018 Award ကိုချီးမြှင့်သွားမှာဖြစ်ကြောင်းနဲ့ ကျန်ရှိတဲ့ အသင်း ၇ သင်းကိုလည်း နှစ်သိမ့်ဆုတွေ ချီးမြှင့်သွားမှာဖြစ်ကြောင်း သိရပါတယ်။

-ထွန်းထွန်း