
မြန်မာဝီကီပီဒီးယား App ဖြစ်ပါတယ်။ ၂၀၀၄ ခုနှစ်က စတင်ဖြန့်ချိထားတဲ့ app ဖြစ်ပြီး ၂၀၀၅ ခုနှစ်မှာ ပညာရှင်တွေ စတင် ဝင်ရောက်ခဲ့ပါတယ်။ ၂၀၁၀ ခုနှစ်မှာ ပထမဆုံး မြန်မာ့ဝီကီအလုပ်ရုံဆွေးနွေးပွဲကို ထိုင်းနိုင်ငံမှာ ဝီကီမီဒီယာဖောင်ဒေးရှင်းက သူတွေ၊ ပြည်တွင်းက ဝီကီပီဒီးယန်းတွေနဲ့ ပြည်တွင်းပြည်ပ ယူနီကုဒ်ပညာရှင်တွေ တက်ရောက်ခဲ့ပြီး ၂၀၁၂ ခုနှစ် ဘားကမ့်ရန်ကုန်မှာ မိတ်ဆက် မြန်မာဝီကီပီဒီယားကို မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငနဲ့ သက်ဆိုင်တဲ့ အကြောင်းအရာတွေကို မြန်မာလို အလွယ်တကူ ရှာဖွေဖတ်ရှုနိုင်အောင် ဖန်တီးထားတာဖြစ်ပြီး အွန်လိုင်းအခြေပြု App ဖြစ်ပါတယ်။ App ကို Android ver 4.4 နဲ့ အထက်မှာ ထည့်သွင်းအသုံးပြုနိုင်ပြီး Download လုပ်ချင်ရင်တော့ ဒီနေရာမှာ download လုပ်နိုင်ပါတယ်။
-ရဲထွဋ်ဝင်း
»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««