Myanmar Travel Guide

[ Zawgyi ]



-ရဲထွဋ်ဝင်း

[ Unicode ]

မြန်မာပြည်အကြောင်း၊ မြန်မာဗီဇာ၊ ရန်ကုန်ဧည့်လမ်းညွှန်၊ ပုဂံဧည့်လမ်းညွှန်၊ မန္တလေးဧည့်လမ်းညွှန် စတဲ့ ခရီးသွားလမ်းညွှန်ဆိုင်ရာ အချက်အလက်တွေကို ရှာဖွေကြည့်ရှုနိုင်မယ့် App ဖြစ်ပါတယ်။

မြန်မာပြည်တွင်းခရီးသွားမယ့်သူတွေအတွက် ဆောင်ရန်၊ ရှောင်ရန်၊ ကားအငှားဆိုင်ရာ၊ လေယာဉ်လက်မှတ်ဆိုင်ရာ စတဲ့ အချက်အလက်တွေအပြင် အရေးပေါ်ဖုန်းနံပါတ်၊ မြေပုံဆိုင်ရာ၊ အစားအသောက်ဆိုင်ရာတွေကိုလည်း App ကနေ လေ့လာနိုင်မှာဖြစ်ပါတယ်။ အွန်လိုင်းအခြေပြု App ဖြစ်ပြီး အွန်လိုင်း၊ Offline ပုံစံနှစ်မျိုးနဲ့ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ App ကို Android version 4.0.3 နဲ့အထက်မှာ ထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ပြီး Download လုပ်ချင်တယ် ဆိုရင်တော့ ဒီနေရာမှာ Download လုပ်ပါ။