Myanmar to Canada ခေါင်းစဉ်ဖြင့် အွန်လိုင်းပညာရေးဆွေးနွေးပွဲ ပြုလုပ်မည်

Myanmar to Canada ခေါင်းစဉ်နဲ့ အွန်လိုင်းပညာရေးဆွေးနွေးပွဲကို အောက်တိုဘာ ၁၀ ရက်၊ နံနက် ၁၀ နာရီ မှ နေ့လယ် ၁၂ နာရီအထိ ကျင်းပသွားမယ်လို့ သိရပါတယ်။

ကနေဒါနိုင်ငံ ပညာရေးကို စိတ်ဝင်စားတဲ့ မြန်မာ (၁၀) တန်းအောင်မြင်ပြီးစ ကလေးတွေ၊ GCE O level, A level, Grade-12, Secondary 3, 4, 5, 6 ကလေးတွေ, HND, NCC, ABE ကျောင်းသားတွေ၊ မြန်မာအစိုးရတက္ကသိုလ်မှာ တက်ရောက်နေဆဲ ကလေးတွေ၊ ဘွဲ့ရထားပြီးသား ကျောင်းသူ/သားတွေအတွက် – ကနေဒါနိုင်ငံမှာ ကျောင်းတက်မယ်ဆိုရင် ပြင်ဆင်ရမယ့် အချက်တွေနဲ့ အခြားအချက်အလက်တွေကို CROWN Educationရှိ Canada Education Counselors တွေနဲ့ အတူ ဆရာဦးအောင်ကျော်ဆန်းက အွန်လိုင်းကနေ ဆွေးနွေးရှင်းပြပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

တက်ရောက်လိုသူတွေအနေနဲ့ http://bit.ly/crowncanada လင့်ခ်မှတစ်ဆင့် စာရင်းပေးသွင်း တက်ရောက်နိုင်ပါတယ်။

-သန္တာ

»»» အင်တာနက်ဂျာနယ်ကနေ တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့စိတ်၀င်စားဖွယ်ရာ အ‌ကြောင်းအရာတွေကို နေ့စဉ် ည(၇) နာရီအချိန်မှာ ဒီဂျစ်တယ်ဗားရှင်း သတင်းစာစောင်လေးအနေနဲ့ ဒီနေရာကနေ https://bit.ly/2QhAo23 ရယူဖတ်ရှုနိုင်မယ့် IJ Mini Newspaper «««