Myanmar to Australia ခေါင်းစဥ်ဖြင့် အွန်လိုင်း ပညာရေးဆွေးနွေးပွဲ ပြုလုပ်မည်

Myanmar to Australia ခေါင်းစဥ်နဲ့ အွန်လိုင်း ပညာရေးဆွေးနွေးပွဲကို အောက်တိုဘာ ၃ ရက် နံနက် ၁၀ နာရီမှ နေ့လယ် ၁၂ နာရီအထိ Zoom Application မှတစ်ဆင့် ပြုလုပ်သွားမယ်လို့ သိရပါတယ်။

ဆွေးနွေးပွဲမှာ Griffith University မှ ၂၀၂၁ ပညာသင်နှစ် အတွက် ပေးအပ်မယ့် ပညာသင်ဆုတွေ အကြောင်း၊ Griffith University ရဲ့ ကျောင်းဝင်ခွင့်နဲ့ ပတ်သက်ပြီး ပြင်ဆင်ထားသင့်တဲ့ အချက်တွေ၊ မိမိနဲ့ သင့်တော်မယ့် Program အမျိုးအစားအကြောင်းတွေ နဲ့ တခြားသိလိုတဲ့ အသေးစိတ် အကြောင်းအရာတွေကို ဆွေးနွေးပေးသွားမှာ ဖြစ်ပါတယ်။

ပွဲတက်ရောက်လိုသူတွေ အနေနဲ့ http://bit.ly/crownaus2020 မှတစ်ဆင့် စာရင်းပေးသွင်းနိုင်ပါတယ်။

-သန္တာ

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတာတွေကို Internet Journal Messenger Bot ဖြစ် ဒီနေရာ ကနေလည်းရယူဖတ်ရှုနိုင်ပါတယ် «««