Myanmar Professors Days မှ ပညာရေးဆိုင်ရာ Platforms များ တိုးတက်အောင်လုပ်အောင် ရည်ရွယ်မည်ဟုဆို

ကျင်းပပြီးခဲ့တဲ့ Myanmar Professors Days ကနေ ပညာရေးဆိုင်ရာ နည်းပညာ Platforms တွေ တိုးတက်အောင် လုပ်ဆောင်သွားမယ်လို့ National Instruments ကပြောပါတယ်။

Myanmar Professors Days အခမ်းအနားကို ဒီဇင်ဘာ ၈ ရက်က ရန်ကုန်မြို့ Lotte ဟိုတယ်မှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။ ပြည်တွင်း ပညာရေးနယ်ပယ်က သက်ဆိုင်ရာ ပုဂ္ဂိုလ်အသီးသီး တက်ရောက်ခဲ့ပါတယ်။ တက္ကသိုလ်ပညာရပ်ဆိုင်ရာ တစ်စိတ်တစ်ပိုင်းအဖြစ် သင်ကြားရေးနဲ့ သုတေသနကဏ္ဍမှာ နောက်ဆုံးပေါ် Latest Platforms ချပေးတဲ့ ပညာရပ်ဆိုင်ရာအ သိုင်းအဝိုင်းအတွက် ရည်ရွယ်ကျင်းပ ခြင်းဖြစ်တယ်လို့ သိရပါတယ်။ အဲဒီ Platforms တွေကို ဆွဲကိုင်ပြီး ပညာရေး ကို ဘယ်လိုတိုးတက်အောင် လုပ်မလဲဆိုတာ ဆက်လက်အဖြေရှာမယ်လို့ ဆိုပါတယ်။

အတွေးအမြင်တွေကို မတူညီတဲ့နေရာဒေသမှ ပညာဖြန့်ေ​သူတွေက အမြင်ချင်းဖလှယ်တာမျိုး အင်ဂျင်နီယာပညာရပ်နဲ့ သုတေသန ကဏ္ဍတွေရဲ့အတွေ့အကြုံကို ဖလှယ်ကြတာဖြစ်တယ်လို့ သိရပါတယ်။ အဲဒီအခမ်းအနားကို NI (National Instruments) က Synopsis Technology နဲ့ ပူးပေါင်းပြီး ကျင်းပပေးခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံက အင်ဂျင်နီယာ ၁၀၀ ၀န်းကျင်၊ သုတေသန ပညာရှင်တွေ၊ ပညာဖြန့်ဝေသူတွေ ပါဝင်ခဲ့ပြီး ၾသစေတ်းလ်၊ နယူးဇီလန်၊ စင်ကာပူနဲ့ ထိုင်းနိုင်ငံတို့ရဲ့ နိုင်ငံတကာ ပညာရှင်တွေလည်း ပါဝင်ခဲ့ပါတယ်။

-ထွန်းထွန်း