
မိုဘိုင်းဆိုင်ရာနည်းပညာတွေကို လေ့လာနိုင်မယ့် App ဖြစ်ပါတယ်။ ဖုန်းအမျိုးမျိုး အသုံးပြုသူတိုင်းဖြစ်တတ်တဲ့ ဖုန်း Lock မေ့သွားခြင်း၊ FRP lock ကျသွားခြင်း၊ ဖုန်းဆေးနည်း၊ SD ကတ်ပြည့်ခြင်း၊ SIM ကတ် lock ကျခြင်းစတဲ့ ပြဿနာဖြေရှင်းနေဗီဒီယိုတွေကို လေ့လာနိုင်မှာဖြစ်ပြီး Vivo, Oppo, Huawei, Xiaomi, Samsung စတဲ့ ဖုန်းအမှတ်တံဆိပ်အလိုက် နည်းလမ်းတွေကို လေ့လာနိုင်မှာဖြစ်ပါတယ်။ အွန်လိုင်းအခြေပြု App အမျိုးအစားဖြစ်ပါတယ်။ App ကို Android version 4.1 နဲ့အထက်မှာ ထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ပြီး Download လုပ်ချင်တယ်ဆိုရင်တော့ ဒီကနေ Download လုပ်ပါ။
-ရဲထွဋ်ဝင်း