Myanmar Online Class

Myanmaronlineclass.com ဝက်ဘ်ဆိုက်ပေါ်က အခမဲ့နဲ့ အခပေး အွန်လိုင်းသင်တန်းတွေကို တက်ရောက်နိုင်မယ့် App ဖြစ်ပါတယ်။ သင်တန်းသားတွေအနေနဲ့ Myanmar Online Class က သင်တန်းတွေမှာ သင်ထောက်ကူတွေဖြစ်တဲ့ ဗီဒီယိုတွေ၊ ဓာတ်ပုံတွေ၊ Presentation File တွေ၊ စာတမ်းတွေ စုံစုံလင်လင်နဲ့ လေ့လာသင်ကြားနိုင်မယ့် အပြင် ဆရာတွေနဲ့ မရှင်းလင်းတာတွေကို အပြန်အလှန် မေးမြန်းသင်ယူနိုင်အောင် ဖန်တီးထားပါတယ်။ သက်ဆိုင်ရာ စာမေးပွဲတွေ ဖြေဆိုပြီး သင်တန်းဆင်း Completion Certificate ရယူနိုင်မှာ ဖြစ်ပြီး သင်ခန်းစာတွေကို မိမိဖုန်းအတွင်း သိမ်းဆည်းကာ သင်ယူနိုင်တဲ့အတွက် အင်တာနက် အမြဲမလိုဘဲ သင်ယူနိုင်မှာဖြစ်ပါတယ်။အွန်လိုင်းအခြေပြု App ဖြစ်ပြီး အွန်လိုင်း Offline ပုံစံနှစ်မျိုးနဲ့ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

App ကို Android ver 4.1 နဲ့ အထက်မှာ ထည့်သွင်းအသုံးပြုနိုင်ပြီးDownload လုပ်ချင်ရင်တော့ ဒီနေရာမှာ download လုပ်နိုင်ပါတယ်။

-ရဲထွဋ်ဝင်း

»»» အင်တာနက်ဂျာနယ်ကနေ ရုပ်သံဖိုင်နဲ့တင်ဆက်တာကို နှစ်သက်သူတွေအတွက် Internet Journal ရဲ့ Youtube channel ဖြစ်တဲ့ ဒီနေရာကို နှိပ်ပြီး Subscription လုပ်ထားဖို့လိုမယ်နော် «««